25: မနက်ဖန်မှ ကုတ်ခြစ်ရမယ်

1.2K 178 9
                                    

25: မနက်ဖန်မှ ကုတ်ခြစ်ရမယ်

အဆုံးမှာတော့ လင်းချွမ်က ခေါင်းငုံ့ပြီး ပြုံးနေတာကို သူမ မြင်တွေ့လိုက်ရလေတယ်။ ပြောရရင် သူပြုံးတာကို ဒါပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပဲ။

"မဟုတ်တာ.. ကိုယ်က မင်းကို လုံးဝ ရက်စက်ကြမ်းတမ်းလာလိမ့်မယ်လို့ မထင်မိဘူး"

"ကျွန်မက ဒီလိုမျိုး ရက်စက်ကြမ်းတမ်းပြလိုက်မှာ"

ဆုဆုက ချစ်စရာကောင်းတဲ့ အပြုအမူမျိုးဖြင့် ရက်စက်လွန်းတဲ့ လူသတ်သမားတစ်ယောက်လိုမျိုးပြုမူပြကာ သူမက တကယ့်ကို ရက်စက်ပြီးသန်မာကြောင်း ပြသရန်အတွက် iron manပုံစံဟန်မျိုးတောင် ပြုလုပ်ပြခဲ့သေးတယ်။

သို့သော်လည်း လင်းချွမ်က သူ့ရဲ့မျက်နှာကို ဘေးတစ်ဖက်ဆီသို့ လှည့်ပြီးဖုံးကွယ်လိုက်လေတယ်။

"ကျွန်မကို  မရယ်နဲ့လေ..  မရယ်နဲ့ ကျွန်မပြမယ်"

သူမ လင်းချွမ်ရဲ့ အပြုံးကို မြင်ရဖို့အတွက် သူ့ရဲ့မျက်နှာဘက်သို့ အပြေးသွားလိုက်ပေမဲ့ ထိုအမျိုးသားက ပြန်လည်ထိန်းချုပ်လိုက်ပြီ။

သူမ ဒေါသထွက်ချင်လာတာကြောင့် သူ့ကို ကုတ်ခြစ်ဖို့လုပ်လိုက်တယ်။

သူမရဲ့လက်တွေက လက်သည်းတွေနဲ့ကုတ်ခြစ်တော့မဲ့ဟန်မျိုး ပြောင်းလဲသွားသော်လည်း တစ်ဖက်လူကို မကုတ်ခြစ်နိုင်လိုက်ပြန်ဘူး။

ရုတ်တရတ် အနည်းငယ်တုန်ယင်နေဟန်ရတဲ့ မသဲမကွဲစကားသံတစ်ခုက ထွက်ပေါ်လာတယ်။

"မနက်ဖြန်ကျရင် မင်းကိုကုတ်ခြစ်ခွင့်ပေးမယ်"

ဆုဆု အံ့သြသွားရတယ်။ မနက်​ဖြန်​က သူတို့ မင်္ဂလာ​ဆောင်​ရမဲ့နေ့မဟုတ်​ဘူးလား ဒီတော့ သူပြောချင်တာက...

အား မားရေ!  ဒီအမျိုးသားအရံဇာတ်ဆောင်က ဒီလောက်ထိ အရိုင်းဆန်နေလိမ့်မယ်လို့ သူမ မသိခဲ့ဘူး။ သူက သူမကို  သူ့ကို ကုတ်ခြစ်စေချင်တယ်ပေါ့လေ။

လက်ထပ်တဲ့နေ့မှာ အမျိုးသမီးက တစ်ဖက်လူကို ဘယ်လိုအချိန်မျိုးမှာ ကုတ်ခြစ်လေ့ရှိလဲ?

ဆုဆု နေရာမှာတင် ပေါက်ထွက်သွားတော့မလိုပဲ။

ထို့နောက်မှာတော့ လင်းချွမ်တစ်ယောက် အခြားပစ္စည်းတွေဝယ်ရန်အတွက် ထောက်ပံ့ရေးနှင့် အရောင်းဆိုင်တွေဆီမှာ  တန်းစီဖို့ထွက်သွားတာကိုကြည့်ရင်း ဆုဆုတစ်ယောက် သူ့ကိုအမှန်တကယ်ကို ကုတ်ခြစ်ချင်စိတ်ဖြစ်သွားရတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now