29- နေရာထိုင်ခင်း စီစဉ်ခြင်း

956 172 1
                                    

29- နေရာထိုင်ခင်း စီစဉ်ခြင်း

ဒီနေ့ကျမှ အိမ်ကိုရောက်လာခဲ့ကြတဲ့ ဧည့်သည်တွေအားလုံးက အမေလင်းရဲ့ အပျိုတုန်းက မိသားစုဝင်တွေပဲ။ သူမက အဝေးမှာ အိမ်ထောင်ကျခဲ့ပြီး သူတို့နေတဲ့ နေရပ်မှာ ရေကြီးလာခဲ့တာကြောင့် သူတို့တွေ အမေလင်းရဲ့ အပျိုတုန်းက အိမ်ဆီ ထွက်ပြေးခဲ့ကြတယ်။ ဒါပေမယ့် သူမအမေရဲ့မိသားစုရဲ့ရွာက အပြင်လူတွေကို နေထိုင်ဖို့ လက်မခံနိုင်ကြတာကြောင့် သူမက အဆင်းရဲဆုံးတောင်ပေါ်ရွာလေးဆီမှာ အခြေချနေထိုင်ခဲ့ပြီး သူ့အမေရဲ့မိသားစုက ဒီကိုလာချင်တယ်ဆိုရင် တောင်ပေါ်ကို ဆယ်မိုင်လောက် လမ်းလျှောက်ပြီးတက်လာခဲ့ရလိမ့်တယ်။

ဒီမှာ လက်ထပ်ပွဲလို ပွဲကြီးရှိနေတာကြောင့် သူတို့တွေက  ဧည့်သည်အနေနဲ့ ဒီကိုရောက်လာခဲ့ကြတာ။ ပထမအဒေါ်နှင့် အဒေါ်တို့က အမေလင်းနှင့် အတော်တူညီပြီး အလွန် ကြင်နာတတ်ပုံရတယ်။ အဆုံးမှာ သူတို့တွေက ညီအစ်မတွေဖြစ်တာကြောင့် သူတို့ရဲ့အသွင်အပြင်က ဆင်တူမှာပဲလေ။ တစ်ဖက်မှ နောက်ထပ်ဒေါ်ယွီကတော့ ပိုချမ်းသာပုံရပြီး သူမရဲ့မျက်လုံးတွေက ဇီဇာကြောင်ပုံအမူအယာတွေကိုဖော်ပြနေတယ်။

ပထမတော့ သူတို့တွေက သူမကို အသေးအဖွဲမေးခွန်းတချို့သာ မေးခဲ့ပြီး လေထုက သိပ်ပြီးတင်းမာမနေခဲ့ဘူး။

ဒါပေမယ့် ရုတ်တရက်ကြီး အဒေါ်ယွီက ဆုဆုကို အပေါ်အောက်အကဲခတ်သလိုကြည့်ရင်း မေးလာခဲ့တယ်။

“မြို့က ကောင်မလေးတွေက ဆင်းရဲဒုက္ခတွေကို မခံစားခဲ့ရဘူး ထင်တာပဲ..  ဒါပေမယ့် မြို့ပေါ်ကမိန်းကလေးတွေနဲ့ လက်ထပ်ချင်တဲ့လူတွေအများကြီးရှိနေမှာပဲ ဟုတ်တယ်မလား.. မင်း ဘာလို့ ဒီလိုဆင်းရဲတဲ့ရွာက လူနဲ့ လက်ထပ်ချင်ရတာလဲ?"

ထိုမေးခွန်းက လူတိုင်းရဲ့စိတ်ထဲမှာ ရှိနေခဲ့တဲ့မေးခွန်းဖြစ်တဲ့ပုံပဲ။ အခုမှ အိမ်ထဲသို့ဝင်လာသော လင်းချွမ်တောင်မှ ထိုမေးခွန်းရဲ့အဖြေကိုသိချင်နေခဲ့တယ်။

သို့သော်လည်း အန်တီယွီ မေးလာခဲ့တဲ့ လေသံကတော့ မှားယွင်းနေခဲ့တယ်။ သူမက လင်းချွမ်ကို အထင်အမြင်သေးတဲ့ပုံစံနဲ့မေးလာတာ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now