(5) အစားအသောက် ပို့ဆောင်ခြင်း

1.1K 175 1
                                    

5: အစားအသောက် ပို့ဆောင်ခြင်း

သူမ ဖတ်ဖူးတဲ့စာအုပ်တွေထဲမှ တခြားသောအချိန်ကို ဖြတ်ကျော်လာတဲ့အင်အားကြီးမိန်းကလေးတွေက
မိသားစုအတွက် ညစာချက်ပြုတ်ပေးတတ်တာကိုတွေးမိတော့ သူမအနည်းငယ် တုန်လှုပ်လာမိတယ်။ 

ဒါပေမယ့် သူမက ဘာကိုမှ မလုပ်တတ်ဘူးလေ။ မီးဖိုဆီကို လှမ်းကြည့်လိုက်တော့ မူးဝေလာသလိုခံစားမိပြန်တယ်။ သူမ ဒါကို တကယ် မသုံးဖူးဘူး။

ဒါမှမဟုတ်ရင် ရိုးရိုးသားသားပြောပြပြီးနေမယ်ဆိုရင်ရော။


သူမက ထိတ်လန့်နေခဲ့ပေမဲ့ ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တာကြောင့် နောက်ဆုံးမှာ မြေပြင်ကို လှမ်းကျင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မြေပြင်ကလည်း မြေသားတွေနဲ့ဖြစ်တာကြောင့်  သူမ လှည်းကျင်းတဲ့အချိန်မှာ မြေမှုန်တွေက တထောင်းထောင်းထလာရပြန်တယ်။

အဆုံးမှာတော့ သူမအနည်းငယ် စိတ်ဓာတ်ကျလာရပြီ။

“ငါ ဘာကိုမှ မလုပ်နိုင်ဘူးပဲ”

လင်းချွမ် ပြန်လာချိန်မှာတော့ ဖက်ရှင်ကျတဲ့ ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားတဲ့ ကလေးမလေးတစ်ယောက် ဒေါသတကြီး နှုတ်ခမ်းစူနေတာကို မြင်တွေ့လိုက်ရလေတယ်။ ကြည့်ရတာ ဘာမှမတတ်နိုင်လောက်အောင် ဒေါသထွက်နေပုံရတယ်။

တကယ်တမ်းမှာ ဒီနေရာက အရမ်းခေါင်ပြီး အခြေအနေတွေကလည်း မကောင်းဘူးလို့ ခံစားရတဲ့အတွက် သူမ  ငိုကြွေးချင်နေပြီး မြို့ကို ပြန်သွားချင်နေတာ ဖြစ်လောက်တယ်မလား။

လင်းချွမ် ထမင်းကို စားပွဲပေါ်သို့ တိတ်တဆိတ်ချလိုက်ပြီး ရေသောက်ရန် ခွက်ကို လှမ်းကိုင်လိုက်ချိန်မှာ ထို မိန်းကလေးက အသံကျယ်ကျယ်အော်ဟစ်ပြီ ထခုန်လာတယ်။ ပြီးမှ သူမရဲ့ရင်ဘတ်ကို အသာပုတ်ရင်း


“ရှင်ဖြစ်နေတာကိုး! ကျွန်မကို လန့်အောင်လုပ်နေတာပဲ”

ရုတ်တရက် လူတစ်ယောက်က ကိုယ်ရဲ့နောက်မှာ တိတ်တဆိတ်ရောက်နေမယ်ဆိုရင် လူတိုင်း လန့်သွားကြမှာပဲလေ။ နောက်ပြီး အဲဒီလူက အသံမထွက်ဘဲ လမ်းလျှောက်နေသေးတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now