(8)လက်မှတ် ပို့ပေးခြင်း

659 119 0
                                    

8: လက်မှတ် ပို့ပေးခြင်း

သူမ နောက်ကို ပြန်လှည့်ကာ လင်းချွမ်ကို သတိထားပြီး ကြည့်လိုက်တော့ တစ်ဖက်လူရဲ့ အေးစက်စက်အမူအယာနဲ့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတဲ့သဘောထားတို့ဖြင့် ပြောလာတာကို ကြားလိုက်ရတယ်။

"ရဲဘော်ဆုဆု ..မင်းရဲ့ အပြုအမူကို ကျေးဇူးပြုပြီး ပြင်ဆင်ပေးပါ"

"ဘာဖြစ်လို့လဲ?"

ဆုဆု အံ့သြသွားခဲ့တယ်။ သူမ ဒီအမျိုးသားအရံဇာတ်ကောင်နဲ့ ဆုံဆည်းခဲ့စဥ်ကတည်းက သူ့ဆီမှာ တက်ကြွတဲ့အမူအယာမျိုးရှိမနေခဲ့ဘူး။

'မင်းလို အမျိုးသမီးငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုအရာတွေကို ပြောနိုင်ရတာလဲ..  မင်းရဲ့ပုံစံကို ပြင်ရမယ်'

လင်းချွမ်မျက်မှောင်ကြုတ်လိုက်တယ်။ ထိုစကားတွေက သူ့ရဲ့ပါးစပ်ဖျားမှာရှိနေပေမယ့် သူသာပြောလိုက်ရင် သူ့ရှေ့မှ အမျိုးသမီးလေးက နာကျင်သွားရလိမ့်မယ်။

"ကျွန်မက ဘယ်နေရာမှာ မှားနေလို့လဲ.. ရှင်တို့က ဒီလိုဆက်ဆံရေးရှိနေတာကို ခံစားချက်ရှိလားလို့မေးတာက ဘာပြသနာရှိလို့လဲ.. ရှင့်မှာသာ ခံစားချက်မရှိဘူးဆိုရင် ရှင် လက်ထပ်တဲ့အချိန်မှာ စိတ်ရှုပ်ထွေးနေရမှာမလား.. ရှင့်ရဲ့ဘဝက ဘယ်လိုဖြစ်သွားမှာလဲ"

ဆုဆုက သူ့ကို စိုက်ကြည့်ပြီး သူမရဲ့အမြင်တွေကို မကျေမနပ်နဲ့ ပြောလိုက်မိတယ်။

လင်းချွမ် သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ စကားလုံးတွေကိုသာ ပြောင်းလဲခဲ့မိတယ်။

“အကုန်လုံးက ဒီအတိုင်းပါပဲ”

ဆုဆုမေးချင်နေသေးပေမဲ့ သူလှည့်ထွက်သွားတာကို မြင်လိုက်ရတော့  အနောက်ကနေ ဆက်ပြီး လိုက်လာခဲ့တော့တယ်။

သူမ စိတ်မကြည်စွာနဲ့ အရှေ့ကိုဆက်သွားနေစဥ်မှာ မမျှော်လင့်ပဲ ခလုပ်တိုက်မိကာ မှောက်ရက်လဲခါနီးဖြစ်သွားတာကြောင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီနေစေဖို့အတွက် အနားမှာရှိနေတဲ့ တစ်စုံတစ်ခုကို မသိစိတ်ကနေ လှမ်းဆွဲလိုက်မိတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now