23: ထိုမိန်းကလေး

1.1K 180 6
                                    


23: ထိုမိန်းကလေး

ဒီအချိန်ကျမှ ဆွေးနွေးတိုင်ပင်တာက ဘာများအသုံးဝင်မှာလဲ။ သူတို့က ပြောသင့်တာအားလုံးကို ပြောပြီးပြီ။ လင်းချွမ်ရဲ့ အပေးအယူအကြောင်းကိုကြားတာနဲ့ ဝမ်းသာအားရသဘောတူလိုက်တဲ့ ဘူးသီးခြောက်လိုပါးစပ်ကိုပဲ အပြစ်တင်ရမယ်။

သို့သော်လည်း သူက အလွန်အမင်းယောကျာ်းပီသတယ်လို့ သူမဘာလို့ထင်နေရပါလိမ့်။

သူမ ခရီးသွားတုန်းက ဦးနှောက်ကြီးပေါက်ကွဲထွက်ပြီး ကျန်နေရစ်တာများလား။

သို့သော်လည်း အမေလင်းသည်ကတော့ စိတ်လှုပ်ရှားလွန်းလို့ ကျောက်တိုင်တစ်ခုလိုမျိုး တောင့်တောင့်ကြီး ရပ်နေတဲ့ သားဖြစ်သူကို ကြည့်လိုက်ပြီးနောက် ခန်ပေါ်မှာ မျက်နှာကို လက်နဲ့ဖုံးကွယ်ပြီး ထိုင်နေတဲ့ချွေးမဖြစ်သူကို ကြည့်လိုက်ကာ သိပ်ပြီးမဆိုးလှဘူးလို့ ရုတ်တရက် ခံစားလာခဲ့ရပြီး သူမရဲ့ ပေါင်ကို ပုတ်ရင်းပြောလိုက်တယ်။

"အိုကေ ဒါဆို အဲဒီအတိုင်းပဲဆက်လုပ်ကြတာပေါ့"

အဖေလင်းကလည်း ခေါင်းညိတ်လိုက်ပြီး :

"မင်းတို့က လက်ထပ်ပွဲမလုပ်ရသေးဘူးဆိုတော့ ဒီခန်ပေါ်မှာ မအိပ်နဲ့.. ငါတို့နဲ့ အရှေ့ဘက်အိမ်ကိုပြန်လိုက်ခဲ့.. ပြီးရင် မင်းက မနက်ဖြန် နယ်မြို့ဆီကို အဝတ်အစားသစ်ဝယ်ဖို့ ရဲဘော်ဆုနဲ့ လိုက်သွားရမယ်"

"ဟုတ်ကဲ့"

လင်းချွမ်က ဒီတစ်ကြိမ်မှာတော့ စိတ်အားထက်သန်စွာ သဘောတူလာတယ်။ အရင်တုန်းက ချင်ယွဲ့ယွဲ့နဲ့တုန်းကတော့ သူအလွန်အမင်းမပျောရွှင်ဖြစ်နခဲ့တာလေ။

ဒါကမှ ဘဝပဲ။

အမေလင်းက ထပ်ပြီးအငြင်းအခုန်မလုပ်တော့ပဲ ဆုဆုကို အိမ်သို့ခေါ်ခဲ့လိုက်တယ်။ ပြီးနောက်မှာတော့ သူမရဲ့သားဖြစ်သူက တွေးတောစဥ်းစားပေးတတ်လွန်းကြောင်း ပိုပိုပြီး သိလာခဲ့ကြရတယ်။ ပုံမှန်ဆိုရင် သူက အရှေ့မှလမ်းလျှောက်တတ်ပြီး ဓာတ်မီးအသုံးပြုကာ ခြေလှမ်းကျဲကျဲဖြင့်သွားနေကျပဲ။ သို့ပေမယ့် အခုချိန်မှာတော့ သူက အနောက်ဘက်ကနေလိုက်ပြီး လမ်းတစ်လျှောက်လုံး မီးထိုးပေးလာခဲ့တယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now