19: လက်ထပ်ပွဲဖျက်သိမ်းခြင်း

1K 149 4
                                    

19: လက်ထပ်ပွဲဖျက်သိမ်းခြင်း

သူ့ရဲ့ခေါင်းထဲကိုဝင်လာတဲ့ ပထမဆုံးသောအတွေးက သူ အခု ဘာလုပ်သင့်လဲ။

ဒီအချိန်မှာပဲ သူ့ရဲ့အဖေက ဂေါ်ပြားကိုကိုင်ပြီးရောက်လာခဲ့ပြီ။ လင်းချွမ် သူ့အဖေရဲ့ရိုက်ချက်က သူ့ဘေးမှာရှိနေတဲ့ ဆုဆုကို ထိခိုက်မိမှာကို ကြောက်လန့်သွားပြီး အနောက်ကိုလှည့်ကာ ဆုဆုရဲ့တစ်ကိုယ်လုံးကို သူ့ရဲ့ကိုယ်နဲ့ကာကွယ်ပြီး လက်နှစ်ဖက်ကိုတော့  နံရံမှာဖိကပ်ထားလိုက်တယ်။

ဘန်း!

ပြင်းပြင်းထန်ထန်ရိုက်ခတ်မိတဲ့အသံထွက်ပေါ်လာခဲ့တယ်။

ဆုဆု ထိတ်လန့်သွားခဲ့ပြီး:

  "အဆင်ပြေရဲ့လား"

လင်းချွမ်ရဲ့နာကျင်နေရတဲ့မျက်နှာကိုမြင်တော့ ဆုဆုရဲ့တစ်ကိုယ်လုံး ချွေးအေးတွေစိုစွတ်လာရပြီး မထိန်းနိုင်ပဲ ငိုမိသွားတော့တယ်။

"မရိုက်ပါနဲ့.. ဒါက သူ့ရဲ့အမှားမဟုတ်ပါဘူး .. သူက အရက်အမူးလွန်နေရုံပါပဲ.. ကျွန်မကိုလည်း ဘာမှမလုပ်ပါဘူး"

သူမ အိပ်ပျော်နေတုန်းက လူဝင်လာတာကို မသိလိုက်တာလေ။

အဖေလင်းက ဒေါသအရမ်းထွက်ပြီး ထပ်ရိုက်ချင်ပေမယ့် အမေလင်းက သူ့ကိုလှမ်းထိန်းပြီး ပြောလိုက်တယ်။

  “ကောင်းပြီ ကောင်းပြီ.. ရှင်က ရှင့်ရဲ့သားကို သေတဲ့အထိ ရိုက်သတ်ချင်နေတာလား”

လင်းတုံဟဲက အေးစက်စွာဝင်ပြောလာတယ်။

"လင်းချွမ် မင်းဒီလိုအရာမျိုးကို ဘယ်လိုများလုပ်နိုင်ရတာလဲ..  မင်း ချင်ယွဲ့ယွဲ့ကို ဘယ်လိုလုပ်မှာလဲ..  ရဲဘော်ဆုကိုရော ဘယ်လို လုပ်တော့မှာလဲ"

တကယ်လို့ မင်းဘာတစ်ခုမှ မစဥ်းစားနိုင်တော့ဘူးဆိုရင် မြစ်ထဲကိုသာ တိုက်ရိုက်ခုန်ချလိုက်တော့။

လင်းချွမ်က ခေါင်းတွေထိုးကိုက်နေပြီး စကားမပြောနိုင်တော့ဘူး။ အခုချိန်မှာ သူ ဆုဆုကို အားနာတဲ့စိတ်တစ်ခုပဲရှိတော့တယ်။

သူ ပါးစပ်ကိုဖွင့်ဟလိုက်ပေမဲ့ ဘယ်စကားကိုပြောရမလဲဆိုတာကိုလည်း မသိတော့တဲ့အတွက် ခန်ပေါ်မှဆင်းပြီး ဖိနပ်ကိုစီးကာ ပြတင်းပေါက်ဘေးနားမှာ သွားရပ်နေလိုက်တယ်။ သူ ဆုဆုဘက်ကိုလှည့်မကြည့်ရဲဘူး။ သူမ ငိုနေတာကို သူမြင်တွေ့ရမှာကို ကြောက်လန့်နေခဲ့တယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now