28: သတို့သမီးပြောင်းလဲခြင်း
အခုမှ အိမ်ထဲကိုဝင်လာခဲ့ကြတဲ့ လူငယ်နှစ်ယောက်ရဲ့ နှလုံးသားတွေကတော့ အကြောင်းပြချက်မရှိ ခုန်ပေါက်သွားခဲ့ကာ အမည်မသိအကြောင်းရင်းတစ်စုံတစ်ခုကြောင့် လင်းချွမ်ကို မနာလိုမုန်းတီးစိတ်တွေဖြစ်လာရတယ်။
သူတို့တွေက သတို့သမီး ဘာကြောင့်ပြောင်းလဲသွားမှန်းကို မသိတဲ့အတွက်ကြောင့် လင်းချွမ်ကို ဆွဲခေါ်သွားကာ မေးခဲ့ကြတယ်။
လင်းချွမ်က ရှင်းပြရတဲ့နေရာမှာ တော်တဲ့လူ မဟုတ်ဘူး။ ဒီတော့ ပြန်ပြောခဲ့တယ်။
"မင်းတို့ သိချင်ရင် မင်းတို့ရဲ့ ဒုတိယ အဒေါ်ကို မေးကြည့်လိုက်ကြ"
ပြီးနောက် သူက ဆုဆုဘက်ကိုလှမ်းကြည့်ကာ ပြောလာတယ်။
"ထမင်းစားချိန်ရောက်ပြီ"
"အိုး"
"မင်း သွားနေစရာ မလိုဘူး ကိုယ် လင်းဟိုင်ကို မင်းအတွက် ယူခိုင်းလိုက်မယ်.. စားပြီးမှ သွားလိုက်ပေါ့"
အခု အိမ်မှာနေရာမရှိသေးတာကြောင့် ဒီမှာ ခဏလောက်ဆက်နေတာက ပိုကောင်းလိမ့်မယ်။
လင်းချွမ်က ပြောပြီးသည်နှင့် လင်းဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့အစ်ကိုကြီးကို အရိုးထဲထိစိမ့်ဝင်အောင်ကြောက်ရွံ့တဲ့ လင်းဟိုင်က ထိုစကားကိုနာခံစွာနဲ့ ချက်ချင်းပဲ ပြေးထွက်သွားခဲ့တယ်။
"အိုး အဆင်ပြေပါတယ်"
ဘာလို့ အထူးတလည်လုပ်နေရမှာလဲ။
သို့သော်လည်း ဆုဆုအနေနဲ့ လင်းချွမ်ကသူမ အဆင်မပြေဖြစ်မှာကို စိုးရိမ်ပေးနေတာဖြစ်ကြောင်းကို သိတဲ့အတွက် ပျော်ရွှင်နေခဲ့ပြီး သူ ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးလာမှာကို စောင့်နေလိုက်တယ်။
သို့ပေမယ့် လင်းချွမ်က ထိုနှစ်ယောက်ကို အရှေ့အိမ်ဆီကိုလိုက်ခဲ့ဖို့ ဆွဲခေါ်သွားခဲ့လေတယ်။
"မဟုတ်ဘူး.. ငါတို့ဘယ်သူလဲဆိုတာတောင် မပြောရသေးဘူးလေ"
သူတို့က ငြင်းဆန်ချင်နေသေးပေမယ့် သူတို့က လင်းချွမ်လောက် မသန်မာတာကြောင့် ရုန်းကန်မှုအနည်းငယ်သာလုပ်နိုင်ပြီး ထွက်သွားခဲ့ရတယ်။
YOU ARE READING
ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း
Fantasy_beautifulfemalelead _business _fantasy _femaleprotagonist _handsome Malelead _military _pregnancy _space _teachers