(7)ကြိုက်လား

1K 181 0
                                    

7: ကြိုက်လား

ချင်ယွဲ့ယွဲ့ ခဏလောက် အေးခဲသွားပြီး ခေါင်းငုံ့သွားခဲ့တယ်။ သို့သော်လည်း သူမ ခေါင်းမငုံ့ခင်မှာ အမျိုးသားဇာတ်လိုက်ကို အားပျော့စွာ တစ်ချက်လှမ်းကြည့်ခဲ့ပြီး ဇာတ်လိုက်ကတော့ လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းကို ဘေးတစ်ဖက်သို့ လှည့်လိုက်လေတယ်။

ဘာတစ်ခုမှ သိမထားဘူးဆိုရင်တော့ နှစ်ယောက်လုံးဆီမှာ ပြဿနာမရှိဘူးလို့ ထင်ရလိမ့်မယ်။

ဆုဆုက  ဘေးဘက်မှာထိုင်ရင်း အလွန်ကောင်းမွန်စွာမြင်နိုင်နေခဲ့တယ်။ သို့ပေမဲ့ သူမ မီးဖိုချောင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်တော့ အမျိုးသားအရံဇာတ်ကောင်က သူ့ကိုယ်သူ လောင်ကျွမ်းသွားစေတော့မလားထင်ရလောက်အောင် မီးဖိုဘက်မှာပဲ အာရုံစိုက်နေပြီး ခုချိန်ထိ တစ်ခါလောက်တောင်မှ ထွက်မလာခဲ့သေးဘူး။

ညီအစ်ကိုတွေထဲမှ လင်းဟိုင်က သူ့အစ်ကို,ကို သွားပြီးစနောက်လိုသော်လည်း မီးစာထည့်ရင်း အလုပ်ရှုပ်နေတဲ့ အမျိုးသားက ရုတ်တရက်အော်ထုတ်လိုက်တယ်။

"အိမ်ထဲကိုသွားပြီး အိမ်စာတွေသွားလုပ်.. စာမဖတ်ပဲ မင်းဘာလုပ်နေတာလဲ"

သူ့ရဲ့အသံက တော်တော်လေးကြမ်းတမ်းနေခဲ့တယ်။ ဒါကြောင့် တံခါးနားမှာရောက်နေတဲ့ ကောင်လေးသုံးယောက်က စိတ်ဆိုးပြီး အလျှင်အမြန်ထွက်သွားကြပေမဲ့ သူတို့အစ်ကိုပြောတဲ့စကားကိုတော့ နားထောင်တဲ့ပုံပုံရတယ်။

"အန်တီ.. ဒီကိစ္စက အန်တီတို့မိသားစုဘက်က ဆုံးဖြတ်လို့ရတဲ့အရာပါ..  နောက်ဆုံးတော့ ကျွန်မရဲ့မိဘတွေက ဒီမှာ မရှိဘူးလေ.. ဒါပေမယ့် ဒီနှစ်က ကျွန်မ ကောလိပ်ဝင်ခွင့် ရှိနေသေးတာဖြစ်လို့ နောက်နှစ်ကျမှ လက်ထပ်ဖို့ စောင့်ပေးလို့ရမလား"

ချင်ယွဲ့ယွဲ့က စကားပြောပြီးသွားတော့ အခုလေးတင် အခန်းထဲကို ဝင်လာတဲ့ လင်းချွမ်ကို မော့ကြည့်တယ်လိုက်တယ်။

"ချွမ်ဇီ ရှင်က အသိပညာရဲ့ အရေးကြီးဆုံးဆိုတာကို နားအလည်ဆုံးလူပါ..ဒါကြောင့် ကျွန်မ ကောလိပ်ပြီးသွားတဲ့အချိန်ကျမှ လက်ထပ်ဖို့ စီစဥ်ထား....."

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now