(13)ပွေ့ဖက်ခြင်း

699 105 2
                                    


13: ပွေ့ဖက်ခြင်း

လင်းချွမ်က သူမကို ဘယ်တုန်းက နှင်လွှတ်နေလို့လဲ? သူမကပဲ ပညာတတ်လူငယ်တွေ စောင့်နေလို့ အလျင်လိုနေတဲ့အကြောင်းပြောခဲ့တာလေ။ ဒီဇာတ်လိုက်မက မျက်လုံးဖွင့်ပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေကို မှန်ကန်သလိုမျိုးပြောနေတာပဲ။

လင်းချွမ်ကလည်း ဘာမှ မရှင်းပြခဲ့ပါပဲ ဧည့်သည်ကို လိုက်ပို့နေသလိုမျိုး တည့်မတ်စွာသာ ရပ်နေခဲ့တယ်။

သို့သော်လည်း အမေလင်းက ဘာကိုမှ မသိထားတာကြောင့် လင်းချွမ်ကိုစိုက်ကြည့်ပြီးပြောလိုက်တယ်:

"ဒါဆိုလည်း အရင်ပြန်လိုက်လေ.. မင်းမှာ ပြောစရာတစ်ခုခုရှိနေခဲ့ရင် ချွမ်ဇီကို ပြောလိုက်"

ဒီလိုနဲ့ လင်းချွမ်က ဇာတ်လိုက်မကို လိုက်ပို့ပြီး ပြန်လာတဲ့အချိန်မှာ ခြံထဲကိုဝင်လိုက်တာနဲ့ အမေလင်းထံမှာ လက်ညိုးထိုးပြီး ဆူပူကြိမ်းမောင်းတာကို ခံရတော့တယ်။

"မင်းရဲ့အကြောင်းပြချက်ကို ပြောပါဦး.. ယွဲ့ယွဲ့က နောက်ဆုံးတော့ အိမ်မှာ လိုအပ်တဲ့နေရာတွေကို ပြင်ချင်တာတွေကို ပြောဖို့ ရောက်လာတာကို မင်းက သူ့ကို ရောက်ရောက်ချင်းပဲ ပြန်လွှတ်လိုက်တယ်.. အချိန်ကျလာရင် သူမက ဒီအိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ရမှာ .. သူမ ဒီမှာနေရတာ အဆင်မပြေတာတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ.. မင်းဆိုတဲ့ ကလေးကတော့ မင်းအိမ်မှာမရှိတဲ့အချိန် ချွေးမတစ်ယောက်တည်း ကျန်နေခဲ့ရမှာကို လွယ်တယ်လို့ထင်နေတာလား? မင်းက သူမအတွက် မတွေးပေးဘူးလား?"

"အန်တီ ချွမ်ကောကို အပြစ်မတင်ပါနဲ့..  ချင်ယွဲ့ယွဲ့က သူမဆီမှာအစည်းအဝေးတစ်ခုရှိနေလို့ စောစောပြန်ရမယ်လို့ပြောခဲ့တာ.. ဒါကြောင့်ပဲ ချွမ်ကောက သူမကို လိုက်ပို့ပေးခဲ့တာပါ"

ဆုဆု လင်းချွမ်တစ်ယောက် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဆူပူကြိမ်းမောင်းခြင်းကို လက်ခံနေမှာကို စိတ်ပူတာကြောင့်   အမြန်ဝင်ပြောလိုက်တယ်။

"အဲလိုလား  ဒါဆိုရင်လည်း ထားလိုက်တော့ မနက်ဖြန်ကျမှ သူမကိုပြန်ခေါ်ကြတာပေါ့"

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now