12: ဇာတ်လိုက်မရဲ့ မကျေနပ်ချက်များ

1.1K 163 2
                                    

12: ဇာတ်လိုက်မရဲ့ မကျေနပ်ချက်များ

ဒီရွာမှာတော့ တစ်နှစ်ပတ်လုံးအလုပ်လုပ်နေတာတောင် ပိုက်ဆံတွေများများစားစားမရှိနိုင်ကြဘူး။ ငတ်မွတ်ဘေးတွေ နဲ့ အေးစက်တဲ့ဒဏ်တွေကို ခံစားနေရတယ်။

တကယ်တမ်းမှာတော့ ဒီဘက်ခေတ်မှာ မြို့ပြဒေသနဲ့ ကျေးလက်ဒေသက အခြေခံအားဖြင့်တော့ အတူတူပါပဲ။ တစ်ခုချင်းဆီတိုင်းမှာ အားသာချက် အားနည်းချက်တွေ ရှိနေတယ်။

အခုချိန်မှာ တပ်မဟာမှ စားပွဲခုံတွေ၊ ကုလားထိုင်တွေကို လှူဒါန်ပေးဖို့အတွက် လူတွေဆီကို စည်းရုံးနေတုန်းပဲဖြစ်ကာ ကျောက်သင်ပုန်းကိုလည်း လိုက်ရှာနေရဆဲပဲဖြစ်တာကြောင့် စာတတ်မြောက်ရေး အတန်းဖွင့်ဖို့အတွက် နှစ်ရက်လောက် အချိန်ယူရဦးမယ်။

ဒါကြောင့် သူမလည်း ယခု အသစ်ဝယ်ထားသော အိမ်ကို သန့်ရှင်းရေးကူလုပ်ပေးဖို့အတွက် လင်းမိသားစုရဲ့နောက်မှ လိုက်သွားလိုက်တယ်။ သူတို့မိသားစုက လူတွေအများကြီးနဲ့ ကလေးတွေလည်းအများကြီးရှိကာ အကုန်လုံးက အလုပ်ကို တက်တက်ကြွကြွလုပ်နေကြတယ်။

ဆုဆု အမေလင်းရဲ့ နောက်မှလိုက်သွားပြီး ဖန်ခွက်ကို ကူညီဆေးကြောနေခဲ့ပေမဲ့ ခဏအကြာမှာပဲ သူမရဲ့လက်တွေက အေးခဲပြီး နီရဲလာခဲ့တယ်။

ဒါကြောင့် အမေလင်းက သူမကို အဝေးမှာနေဖို့ ပြန်လွှတ်လိုက်လေတယ်။

ဆုဆု ပြုံးရယ်ရင်းနဲ့ ခန်ကိုလှည်းကျင်းဖို့ အခန်းထဲသို့ ဝင်သွားလိုက်တယ်။ သို့ပေမယ့် လင်းဟိုင်က တံမြက်စည်းကို လုယူပြီး ပြောလာခဲ့တယ်။

"အစ်မဆု ဒီကို လာမလှည်းရင်လည်းရတယ်..  ကျွန်တော်လုပ်လိုက်မယ်"

သူမ ချက်ချင်းပဲ  ဘာမှလုပ်စရာမကျန်ရှိတော့ဘူး။  နောက်ဆုံးတော့ အိုးထဲမှာ  ရေနွေးကိုကျန်သေးတာကိုမြင်တော့ လှမ်းပြောလိုက်တယ်။

"ဒါဆို ငါ ကုလားကာတွေကို လျှော်လိုက်မယ်"

"မင်းလုပ်နိုင်လို့လား"

လင်းဟိုင် မျက်မှောင်ကြုတ်လိုက်ကာ သူမကို အပေါ်အောက်အကဲခတ်လိုက်ရင်း ရှက်ရွံ့သွားခဲ့လေတယ်။ သူမက အလွန်လှပတယ်။ သူပိုပြီးကြည့်လေလေ ပိုပြီးလှပတယ်လို့ ထင်လာလေလေပဲ။ သူမရဲ့အသားအရည်က နူးညံ့ပြီး ဆံပင်တွေကလည်း ချောမွေ့နေမှာပဲ။ဒီလိုမျိုး ဒဏ္ဍာရီလာ မိန်းမလှလေးက အလုပ်ကြမ်းတွေ မလုပ်နိုင်မှာသေချာတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now