4: ပစ္စည်းများ
"ကောင်းပါပြီ"
သူက တကယ်ကို အလေးအနက်ပြောတတ်တဲ့သူပဲ။ ပြောရရင် သူ့ရဲ့အသက်က သူမနဲ့ရွယ်တူ အသက်နှစ်ဆယ်ကျော်လောက်သာရှိနေသေးပေမဲ့ စကားပြောတဲ့ပုံက ဘာလို့ အဘိုးကြီးတစ်ယောက်လို ဖြစ်နေရတာလဲ။ ဒါပေမဲ့ သူကကြင်နာတတ်တဲ့သူဖြစ်မှာသေချာတယ်။ မဟုတ်ရင် သူမ အကယ်တင်ခံခဲ့ရမှာ မဟုတ်ဘူးလေ။
သူမ တကယ်ကို ပင်ပင်ပန်းနေခဲ့ပြီ။ နောက်ပြီး သူမရဲ့ကျောပိုးအိတ်ကြီးက အထဲမှာ ပစ္စည်းတွေ ပြောင်းလဲသွားသလိုခံစားရတဲ့အတွက် စစ်ဆေးချင်ပေမယ့်လည်း ဒီနေရာမှာ အလင်းရောင်ရော ဓာတ်မီးရောရှိမနေဘူး။
ဒါကြောင့် ခန်ပေါ်မှာပဲ လဲလျောင်းရင်း အချိန်အတော်ကြာအောင် မှောက်လိုက်လှန်လိုက်လုပ်ရင်း ခဏလောက်အကြာမှာတော့ အိပ်ပျော်သွားခဲ့တယ်။
နောက်နေ့မနက်မှာတော့ ထင်းခုတ်တဲ့အသံတွေ၊ မီးဖိုထဲမှအသံတွေကြောင့် သူမ နိုးလာခဲ့ရတယ်။
သူမ အချိန်တွေဖြတ်ကျော်လာတာကို ရုတ်တရက် ပြန်ပြီးသတိရမိလာတာကြောင့် ကပြာကယာထထိုင်ပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ခဲ့ပေမဲ့ သူမပြန်မသွားနိုင်သေးဘဲ အရင်နေရာမှာရှိနေဆဲပဲ။
သေးငယ်နွေးထွေးတဲ့အိမ်လေးက မှောင်မည်းနေပြီး အလင်းရောင်ဆိုလို့ ပြတင်းပေါက်အသေးလေးကနေဖြတ်သန်းလာတဲ့ ဝိုးတဝါးအလင်းရောင်သာရှိတဲ့အတွက် ဘယ်အချိန်ရှိနေပြီလဲဆိုတာ သူမ မသိနိုင်ဘူး။
သူမလက်ကို မြှောက်ပြီး လက်ထဲက နာရီကို ကြည့်လိုက်တော့ မနက်ငါးနာရီခန့်သာရှိသေးပြီး သူမ ဘယ်တုန်းကမှဒီလောက်အစောကြီးမထခဲ့ဖူးဘူး ။
အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ခဲ့ပြီးနောက် သူမ ဂရုတစိုက်နဲ့ အပြင်ကိုထွက်လာခဲ့တယ်။ မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အမေလင်းကိုမြင်တော့ သူမ ရှက်ရွံ့စွာနဲ့ နှုတ်ဆက်လိုက်တယ်။“ဟဲလို အန်တီ”
"မနေ့ညက အိပ်ရတာဘယ်လိုလဲ.. ခေါင်းကရော ကိုက်သေးလား"
YOU ARE READING
ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း
Fantasy_beautifulfemalelead _business _fantasy _femaleprotagonist _handsome Malelead _military _pregnancy _space _teachers