20: နင်တို့က မျောက်တွေမဟုတ်ဘူးလား

1K 164 6
                                    


20: နင်တို့က မျောက်တွေမဟုတ်ဘူးလား

လင်းမိဘတွေရဲ့ စိတ်ထဲမှာ နည်းနည်းလောက် အဆင်မပြေဖြစ်နေကြရုံပဲ။ အနာဂတ်မှာ သူတို့သားရဲ့ဂုဏ်သတင်းက  ပျက်သုဉ်းသွားတဲ့အတွက် နောက်ထပ်လက်တွဲဖော်ကို မရှာနိုင်တော့မှာကို သူတို့ စိုးရိမ်နေခဲ့တယ်။

ဆုဆုက ဇာတ်လိုက်မရဲ့ မျက်မှောင်ကြုတ်နေပေမဲ့ မျက်ဝန်းထဲမှာ ပျော်ရွှင်မြူးတူးတဲ့ အရိပ်အယောင်တွေရှိနေတဲ့ပုံကို ကြည့်နေခဲ့တယ်။ သူတို့တွေက ဒါကို တမင် ရည်ရွယ်ပြီးလုပ်ခဲ့ကြတာမလား။

လက်ထပ်ပွဲကို အလွယ်တကူနဲ့ ဖျက်သိမ်းပြီးရင် သူမ(ဇာတ်လိုက်မ)က လုပ်စရာရှိတာကို လုပ်နိုင်ပြီဖြစ်ပေမဲ့ လင်းမိသားစုအတွက်ကတော့ ဘယ်အရာကမှ ကောင်းမလာနိုင်တော့ဘူး။

ထိုအချိန်မှာပဲ ချင်ယွဲ့ယွဲ့က  မျက်ရည်တွေဝဲပြီးပြောလာပြန်တယ်။

"ဒါပေမယ့်..ပြောရရင် ရှင်တို့မိသားစုနဲ့ စီစဥ်ထားတဲ့ ကျွန်မရဲ့ စေ့စပ်ပွဲက အချိန်တွေ အရမ်းကြာမြင့်နေခဲ့ပြီလေ.. နောက်ပြီး အစ်ကိုချွမ်ဇီနဲ့အတူရှိဖို့အတွက် ကျွန်မရဲ့မိသားစုက ဒီကိုပို့ထားခဲ့တာဆိုတော့ ကျွန်မဆီမှာ စေ့စပ်ခဲ့တုန်းက လက်ဆောင်ပိုက်ဆံကို ပြန်ပေးစရာမရှိတော့ဘူး..

ကျွန်မရဲ့မိသားစုက မိန်းကလေးတွေကို ညီညီမျှမျှဆက်ဆံတာမဟုတ်ဘူး.. နောက်ပြီး ဒါက ကျွန်မရဲ့ အမှားမဟုတ်ပေမဲ့ .. နှစ်သစ်ကူးပြီးသွားရင် ကျွန်မက ကောလိပ်တက်ရတော့မှာကို.. တကယ်လို့ ကျွန်မရဲ့ ဂုဏ်သတင်းကမကောင်းဘူးဆိုရင် ကျွန်မ ကောလိပ်မှာ ဘယ်လိုများနေနိုင်မှာလဲ"

ပြီးနောက် သူမက မျက်ရည်တွေပါ ကျလာခဲ့တယ်။

လင်းချွမ်က တာဝန်သိတတ်သူတစ်ဦးဖြစ်တာကြောင့် စဥ်းစားပြီးပြောလိုက်တယ်။

"စိတ်မပူပါနဲ့.. နောက်ကျရင် ငါ့ကို မင်းရဲ့အစ်ကိုလို့ ပြောလို့ရတယ်..  လက်ဆောင်ပိုက်ဆံကိုလည်း ငါ ပြန်မလိုချင်ဘူး.. နောက်ကို မင်း လိုအပ်လာတာရှိရင် ငါ့ဆီမှာ အကူအညီတောင်းလို့ရတယ်.. ငါ မင်းကိုကူညီဖို့ အစွမ်းကုန်ကြိုးစားပေးမယ်"

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now