16: ပညာတတ်တစ်ယောက်ရဲ့ ပူဆွေးမှု

1K 167 7
                                    


16: ပညာတတ်တစ်ယောက်ရဲ့ ပူဆွေးမှု

အမေလင်းက ပြုံးပြီးပြောလာတယ်။

"လက်ထပ်ပွဲလုပ်ခါနီးမှာဒီလိုကောင်းတဲ့အရာတွေဖြစ်လာတာပဲ ..ဒါက တကယ်ကောင်းတယ်"

အနာဂတ်မှာ သူမရဲ့သားဖြစ်သူ အလုပ်ပြောင်းမယ်ဆိုရင်လည်း ရာထူးတစ်ခုလောက် ရနိုင်တော့မှာဖြစ်ပြီး သူတို့နှစ်ယောက်လုံးရဲ့ ဘဝက သေချာပေါက် ကောင်းကောင်းနေထိုင်နိုင်လာလိမ့်မယ်။

သို့ပေမဲ့ ချင်ယွဲ့ယွဲ့ကတော့ စိတ်မသက်မသာဖြစ်လာနေရတယ်။ သူမက ဆုဆုရဲ့အလုပ်အကြောင်းကို မေးနေရာကနေ ဘယ်လိုလုပ်ပြီး တခြားအကြောင်းကို စကားလွှဲသွားရတာလဲ? သူမ ရယ်မောပြီးပြောလိုက်တယ်။

"စကားမစပ် ရဲဘော်ဆု နင်က ကောလိပ်ကနေဘွဲ့ရထားပြီးပြီကို ဘာလို့ အလုပ်မရသေးတာလဲ"

"ငါ ဘာလုပ်ရမလဲဆိုတာ မစဥ်းစားရသေးလို့ မာစတာဘွဲ့ရပြီးတာနဲ့ ဒီကိုလာခဲ့တာ"

မာစတာဘွဲ့ဆိုတဲ့အကြောင်းကို လူအနည်းငယ်သာ နားလည်နိုင်ပေမဲ့ ထိုလူတွေထဲမှာ ချင်ယွဲ့ယွဲ့၊ လင်းတုံဟဲနဲ့ လင်းချွမ်တို့ပါဝင်တယ်။

ချင်ယွဲ့ယွဲ့တစ်ယောက် ရှင်းလင်းမပြနိုင်စွာ ပါးရိုက်ခံလိုက်ရပြီး ထပ်မံ ပျော်ရွှင်နေခြင်းမရှိတော့ဘူး။ ဒါကြောင့် မျက်နှာမသာယာစွာနဲ့ပြောလိုက်တယ်။

"ကျွန်မ နောက်နှစ်ကျရင် ကျောင်းတက်ရတော့မယ်ဆိုတော့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ သွားတော့မယ်"

ဆုဆုက သူမ မပျော်မရွှင်ဖြစ်သွားကြောင်းကို ခံစားလိုက်ရပြီး လင်းချွမ်ကို လှမ်းမေးလိုက်တယ်။

"ကျွန်မ တစ်ခုခုမှားပြောမိသွားလို့လား?"

"မဟုတ်ဘူး.. အိမ်ပြန်ကြစို့"

သူမက တခြားလူကို ရန်စပြီး သူများရဲ့ဒဏ်ရာအပေါ်ကို တက်နင်းချင်နေတာလေ။ သူမက ဆုဆုကို အနိုင်ကျင့်ရလွယ်ကူတဲ့ မိန်းကလေးလို့ထင်ခဲ့တာ။ သို့ပေမယ့် သူမက မာစတာကျောင်းသားဆိုတဲ့စကားတစ်ခွန်းထဲနဲ့ အနိုင်ပိုင်းသွားလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now