👑👑4 Uni👑👑

3.5K 48 2
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑4👑

ဘုံ အိပ်ချင်မူးတူးဖြစ်နေတဲ့စိတ်ကို
မနည်းထိန်းချုပ်ရင်းမှ ဘုရင့်အခန်းရှေ့
ခြေစုံရပ်ကာဝင်သွားရမဝင်သွားရ
တုံ့ဆိုင်းနေမိသည်။
သို့ပေမဲ့ မဖြစ်သာတော့တာမို့တံခါးကို
ခပ်ဟဟဖွင့်ရင်းဝင်လိုက်တဲ့အခါ
သူကကုတင်ပေါ်မှာပြန်အိပ်နေ၏။

ကုတင်နားခပ်ဖြေးဖြေးသွားရင်းမှ
အင်္ကျီလက်ရှည်ဝတ်ထားတဲ့သူ့လက်မောင်းကို
ခပ်ဖြည်းဖြည်းပုတ်ကာ

“ဒီမှာ ဒီမှာ ရှင်ထတော့လေ.....”

‌နှိုးကာမှ တမင်တောင်ဟိုဘက်
စောင်းငဲ့သွားတဲ့ထိုလူကြောင့် ဘုံ
နှုတ်ခမ်းလေးကိုက်မိသည်။
လူကိုအရူးလုပ်နေတာ.....။

“ဒီမှာ ကိုဘုရင်.....ထ”

စကားမဆုံးခင် နှိုးနေတဲ့
လက်ကောက်ဝတ်ကိုဖျက်ခနဲဆုပ်ကိုင်ကာ
ဒီဘက်ကိုလှည့်လာတာကြောင့် ဘုံ
လန့်ပင်လန့်သွားမိ၏။

ရင်တွေတဒိတ်ဒိတ်ခုန်လာတဲ့အထိ
ခန့်ညားတဲ့သူ့ကိုကြည့်မိတော့
ဘုံ့လက်ကိုခပ်ဆတ်ဆတ်ဖြေလွှတ်ရင်းမှ

“ဒီမှာတွေ ကိုဘုရင်တွေလုပ်နေရအောင်
ငါကမင်းသူငယ်ချင်းလား....
မင်းကငါ့အတွက်လိုအပ်လို့ခေါ်ထားတဲ့
အကူတစ်ယောက်ပဲ
ငါ့ကိုရိုရိုသေသေခေါ်ရမယ် မဟုတ်ရင်
ဒီနေ့ငါထမှာမဟုတ်ဘူး...ပြန်လုပ်.....”

“ဟုတ်ကဲ့....”

သူ့အသံကနည်းနည်းခပ်ဆတ်ဆတ်မို့
ဘုံ လန့်မိ၏။
ပြန်ပြီးအိပ်သွားတဲ့သူ့ကိုကြည့်ရင်း
ဘုံ မှားသွားမှန်းလဲသိလိုက်သည်။
ကိုယ်ကသူ့အကူဆို ရင်းရင်းနှီးနှီးခေါ်လို့
ဘယ်ဖြစ်ပါ့မလဲ???

“ဟို ဒါနဲ့အသက်ဘယ်လောက်လဲဟင်....
အစ်ကိုကြီးဘာညာခေါ်ရအောင်ပါ....”

“၂၅နှစ်ပေမဲ့အစ်ကိုကြီးတွေဘာတွေမခေါ်နဲ့
ငါမကြိုက်ဘူး....”

“ဟင်....”

သူ့အပြောကြောင့် ဘုံအကြံအိုက်သလို
ဟင်ခနဲဖြစ်သွားပြန်၏။
အစ်ကိုကြီးမဟုတ်တော့ဘယ်လိုခေါ်ရမလဲ??

“ဟို အစ်ကိုလေးဆိုရင်ရော.....”

ခေါ်သံကသိပ်မဆိုးတာကြောင့် သူမဖြေပဲ
နေလိုက်တဲ့အခါ သူမထံကသက်ပြင်းချသံ
သဲ့သဲ့ကြားသည်။
ခဏကြာတော့ လက်မောင်းနားမှာနွေးခနဲ
ဖြစ်သွားရင်းမှ ခေါ်သံချိုလေးက အစောကနဲ့
ခြားနားစွာထွက်ပေါ်လာ၏။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now