👑👑6 Uni👑👑

3.1K 57 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑6👑

ဘုံ ရင်တွေတုန်လာရင်းမှ ဖိထားမိတဲ့
သူ့ကိုယ်ပေါ်ကနေထကာ မသိမသာခိုးကြည့်မိတော့
ဘုံ့ကို စူးရှရှကြီးကြည့်နေသည်။
လက်သည်းလေးတွေဆိပ်ရင်းမှ တစ်ကိုယ်လုံးလဲ
ပူထူနရေ၏။
သူ စိတ်များဆိုးသွားတာလား???

“ဟို ဘုံကဒီတိုင်းနှိုးတာနော် အစ်ကိုလေးဘာသာ
စောင်ကိုဆွဲလို့ဖြစ်သွားတာ.....”

ပြောပြီးရေချိုးခန်းထဲဝင်သွားတဲ့သူမ‌ကိုကြည့်ရင်း
ဘုရင် ပြုံးမိရသည်။
ဘယ်သူမှလဲမမေးပဲ ရှက်ယမ်းယမ်းပြီး
တစ်ယောက်ထဲဖြေနေတာကိုး.....။

ဘုံ ရေကိုဖွင့်ရင်းမှ ဟိုတစ်နေ့က
သူသင်ပြသလို အသဲပုံလေးတွေရောထားတဲ့
သဲလိုလိုဘာလိုလိုပုံတူသောဆပ်ပြာမှုန့်ကို
ဇွန်းနဲ့တစ်ဇွန်းထည့်ကာ ရေဆူလုံးလေးကို
ဖောက်ထည့်လိုက်၏။
တရှဲရှဲနဲ့ရေထဲမှာပျော်သွားတာကိုသဘောကျသလိုကြည့်ရင်းမှ နှင်းဆီပွင့်ဖတ်လေးတွေကိုထည့်ကာ
လက်နဲ့မွှေလိုက်တော့ အမြှုပ်တွေထလာသည်။

“အစ်ကိုလေး ရ....”

ဘုံ ပြောရင်းလှည့်လိုက်တဲ့အခါအနောက်မှာ
နီးနီးလေးရပ်နေတဲ့အစ်ကိုလေးကြောင့်
ရင်အုပ်ကျယ်နဲ့နှဖူးပြင်ထိတိုက်မိသွားရ၏။

“အင်း တော်တယ်.....”

ပြောပြီးအရှေ့ကိုပိုမိုတိုးလာတာကြောင့်
နှဖူးလေးကိုဖိကိုင်ရင်းမှ ဘုံအနောက်ကို
တဖြည်းဖြည်းဆုတ်မိရသည်။

“အစ် အစ်ကိုလေး ဘုံပြုတ်ကျတော့မယ်....”

တုန်ရီနေတဲ့အသံနှင့်ပြောလာသောသူမကြောင့်
ဘုရင် အူယားတာကိုထိန်းရင်းမှ မျက်နှာတည်ကာ
အရှေ့ကိုပိုမိုတိုးကပ်လိုက်၏။
ခါးနောက်ကိုင်းထားတဲ့ဘုံလဲ သူသာနောက်ထပ်တစ်လှမ်းထပ်တိုးလိုက်ရင် ကြွေဇလုံထဲကို
အသေအချာပြုတ်ကျမှာ.....။

တကယ်ကိုတစ်လှမ်းထပ်တိုးလာတာကြောင့်
ကြောက်အားလန့်အားနဲ့သူ့အင်္ကျီရင်ဘတ်စကို
ဆွဲဆုပ်လိုက်မိတော့ သူကငုံ့ကြည့်ရင်းမှ

“ဖြုတ်....”

အခုမှကြယ်သီးဖြုတ်ခိုင်းတာမှန်းသိကာ
ဘုံ လက်နဲ့အားပြုထားရင်း သူ့ကြယ်သီးကို
ခဲရာခဲစစ်ဖြုတ်လိုက်ရသည်။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now