👑👑7 Uni 👑👑

3K 47 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑7👑

ကားပေါ်ကိုလက်တစ်ဖက်နဲ့
တွန်းတင်လိုက်တဲ့အစ်ကိုလေးကြောင့်
ဘုံ ငြင်းချိန်တောင်မသာပဲရောက်သွားရ၏။
တံခါးကိုဝုန်းခနဲပိတ်လိုက်ပြီး
မောင်းသူနေရာဝင်ကာ
ထိုင်လိုက်တဲ့အစ်ကိုလေးကို ဘုံ
နားမလည်သလိုကြည့်မိသည်။
ဟိုမှာကော်ဖီဖျော်နေရက်တန်းလန်းကြီးကို....။

“မင်း နောက်ရက်ကစပြီး ငါအပြင်သွားရင်
လိုက်ရမယ်....."

“အို ဘုံအပြင်တွေမလိုက်ချင်ပါဘူး.....”

“မရဘူး လိုက်ရမယ်.....”

“အစ်ကိုလေးကလဲ
ဘုံမလိုက်ချင်ပါဘူးဆို.....”

နှုတ်ခမ်းလေးတစူစူနဲ့ဘုံ မျက်မှောင်ကြုတ်ရင်းပြောလိုက်တော့ သူကမျက်နှာကြီးမာရင်းမှ
ဘုံ့ကိုတည့်တည့်စိုက်ကြည့်ကာ ကျစ်သပ်၍

“ မင်းသိပ်ပြောရတာပဲ..
မင်းကအကြီးလား ငါကအကြီးလား.....”

“ဟို အဲ့လိုဆိုပေမဲ့....”

“တိတ် မင်းနဲ့ငါ့မှာ ဘယ်သူကအာဏာပိုရှိလဲ
မင်းသိပါတယ်.....”

သူပြောတာဟုတ်နေတာမို့ ဘုံအသံလေး
တိတ်သွားရပြန်၏။
ဘုရင်ဆိုတဲ့လူကိုဘုံကယှဉ်နိုင်မလား???

ဘုရင်လဲတိတ်ဆိတ်သွားတဲ့
သူမကိုကြည့်ရင်း
မသိမသာသက်ပြင်းချမိသည်။
သူမကိုပြောတာလွန်တယ်ဆိုပေမဲ့
ဒါဟာ မျက်စိအောက်ကအပျောက်မခံချင်တဲ့
ဆန္ဒတစ်ခုတည်းကြောင့်သာ!!!

ဘုရင် ကားစက်နှိုးရင်းမှ ချိန်းထားတဲ့
ရန်နိုင်တို့ဆီလာခဲ့လိုက်၏။

👑👑👑👑👑

“ဟာ...ဘုရင် မင်းဒီတစ်ခါတိကျ.....”

ဆက်ပြောမဲ့အုပ်ခန့်စကားရပ်သွားသလို
အနောက်မှာကုတ်ကုတ်လေးပါလာတဲ့
မိန်းမငယ်လေးကိုကြည့်မိ၏။
လှရက်လိုက်တဲ့ဖြစ်ခြင်း.....။
အနီရင့်ရင့်ဝမ်းဆက်လေးကိုဝတ်ထားတာမို့
အများကြားထင်းနေသလိုလက်မောင်းနဲ့ရင်ဘတ်မှာ
ဖြတ်ဆက်ထားတဲ့ အဖြူရောင်ဇာပါးလေးတွေက
သူမအလှကို ရာခိုင်းနှုန်းတိုးစေသည်။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now