👑👑8 Uni👑👑

2.9K 43 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑8👑

မနက်နိုးတာနဲ့ ဘုံအပေါ်တက်လာကာ
အစ်ကိုလေးကိုနှိုးရန်ပြင်တော့
တော်ဝင်နဲ့တိုးပြန်သည်။
မတတ်နိုင်ကိုယ့်တာဝန်ကဒါပဲမို့
တော်ဝင်နဲ့ဆုံဖို့ကလဲခဏခဏဖြစ်လာတာပေါ့!!!

ဘုံ အတတ်နိုင်ဆုံးရှောင်သွားမလို့ပေမဲ့
ကိုယ်ရှေ့ပိတ်ရပ်‌တဲ့သူ့ကြောင့်မော့ကြည့်တော့
ဘုံ့ကိုသေချာစူးစိုက်ကြည့်ရင်းမှ

“ကိုကြီးကမခေါ်ခိုင်းထားလို့မလား.....”

“ဟို အဲ့လိုမဟုတ်ပါဘူး.....”

ဘယ်လိုပဲအစ်ကိုလေးစကားနားထောင်ပါလို့ပြောပြော တော်ဝင်ဟာလဲအိမ်ရှင်ပဲမို့ ဘုံပြစ်ပြစ်ခါခါ
မလုပ်ရဲပါ.....။
ပြီးတော့ဘုံ့ကြောင့်နဲ့ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်သတ်ပုတ်တာကို မလိုချင်.....။

“မဟုတ်ရင်ဘာလဲ အခုတောင်ရှောင်သွားမလို့
တွေးနေတာမလား.....”

“ဟို နောက်ကျမှာဆိုးလို့ပါ.....”

“ဆင်ခြေတွေ....”

ဘုံ သက်ပြင်းချမိသည်။
ညီအစ်ကိုလို့မပြောရင်တောင်
ဇွတ်ကျပုံကြည့်ပြီးဘုံခန့်မှန်းနိုင်၏။
တကယ်ကိုအစ်ကိုလေးနဲ့တစ်ထေရာတည်း....။

“ဘုံတကယ်ပြောတာ တော်ဝင့်ကို
ရှောင်ဖို့မကြိုးစားသလို အစ်ကိုလေးကြောင့်
စကားမပြောတာလဲမဟုတ်ဘူး...ဒီတိုင်း....”

ဆက်မပြောနိုင်ပဲရပ်သွားတော့တော်ဝင်က
အနားတိုးလာတာကြောင့် လှေကားရင်းမှာ
ကျောလေးကပ်သွားရသည်။
ဘုံ နောက်ကိုငဲ့ကြည့်ရင်းပြုတ်ကျမှာကိုဆိုးနေရ၏။

“အဲ့လိုမဟုတ်ရင် ဒီနေ့ကိုယ့်ကိုအချိန်ပေး...
မနေ့တုန်းကမင်းကို ကိုကြီးခေါ်သွားတယ်
မလား...
ဒီနေ့ ကျောင်းပိတ်ရက်ကိုယ်မင်းကိုအပြင်ခေါ်သွားမယ်....”

“ဟင်....”

ဘုံ ဘာမှမတုန့်ပြန်နိုင်ခင်တော်ဝင်က
လက်ကိုလွှတ်ရင်းမှ
အောက်ဆင်းသွားတာကြောင့်
ကြောင်တောင်တောင်လေးနှင့်ကျန်ခဲ့ရသည်။
ဘုံ ဘယ်လိုလုပ်ရပါ့မလဲ......

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now