p-7

286 20 0
                                    

ဧည့်ခံပွဲထဲတွင်‌လူတော်တော်များများရောက်နှင့်နေ၍သိပ်မကြာခင်တွင်လင်းရောက်လာခဲ့သည်။ လင်း‌ေရာက်လာ‌ေသာအခါသူမဆီသာအားလုံး၏အကြည့်များမှာဦးတည်နေကြသည်။ အသိများမှာလဲ နှုတ်ဆက်ကြရင်းလှရက်နိုင်ကြောင်းပြောနေကြသည်။ ပြတင်းပေါက်မှခိုးကြည့်နေသူတော့ပြုံး‌ေနရင်းမှမျက်မှောင့်ကျုံ့မိသည်။

"မေ"

"ကိုဇော်"

ကိုဇော်ဆိုသူကတော့လင်း၏ကျောင်းနေဘက်သူငယ်ချင်းပင်။ မိဘများမှာလဲရင်းနှီးကြသည်မို့ သူမတို့နှစ်ဦးရင်းနီးခဲ့သည်။ ကိုဇော်ဆိုသူသည်ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်သော်လည်း လင်းကိုသာအသေရရအရှင်ရရပိုင်ဆိုင်ချင်သူ။

"မေ ရယ်လှလာလိုက်တာ ကို့ကိုမှတ်မိလို့တော်ပါသေးတယ်"

"လင်း မှတ်မိပါတယ်ရှင် ဒေါ်ဒေါ်တို့ကောနေကောင်းတယ်မလား"

"ကောင်းပါတယ်ဗျာ မေ ကမာမီတို့ပဲစိတ်ပူတာလားကို့ကိုကောစိတ်မပူဘူးလား"

လင်းလဲပြုံးရင်း

"မဟုတ်တာရှင် အကို့ပုံကမှနေမကောင်းတဲ့ပုံစံမှမဟုတ်တာ အဲ့တာကြောင့်လင်းလဲမမေးမိတာပါ"

"ဟင့်အင်းဒါဆို မေ မှားသွားပြီ"

"ရှင်.."

"အဲ့ ရှင် လို့ထူးတာလေးကို လွမ်းနေတာ ကို့နှလုံးသားလေးကနာကျင်‌ေနတယ်လေ မေကကို့ကိုစိမ်းကားနေတာကို"

"နှလုံးရောဂါဖြစ်နေအုံးမယ်"

"ဖြစ်လဲ ကို...."

"မောင်ဇော်.."

"ဦးလေး...နေကောင်းတယ်နော်"

"ကောင်းပါတယ်ကွ မင်းတို့မိသားစုကော‌အဆင်ပြေကြတယ်ဟုတ်"

"ကျနော်တို့အဆင်ပြေပါတယ်ဗျ"

‌အပေါ်ထပ်မှကြည့်ရင်းဒေါသများအလိမ့်လိုက်ထွက်နေသူမှာမြယွန်း။ ဒီလူကဘယ်သူလဲ။ ဘာလို့တီလင်းနဲ့ရင်းရင်းနီးနီးစကားပြောနေတာလဲ။ တီလင်းကကောဘာလို့ပြုံးနေတာလဲ။

"သခင်မလေး.. တော်ဝင်မိသားစုဝင်‌ေတွအကုန်လံုးလသာ‌ေဆာင်ကိုထွက်သွားကြပါပြီ သခင်မလေးပဲကျန်ပါတော့တယ်"

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now