p-2

145 9 0
                                    

"ဟဲ့....တီချယ်မြတ်ရဲ့လည်ပင်းမှာအနီကွက်ပါလား"

"ဟမ် ဘယ်မှာလဲ"

ကျူရှင်ဝိုင်းတစ်ခုတွင်မိန်းကလေးတစ်ချို့၏အသံများတိုးတိုးနှင့်ထွက်လာသည်။ အကျယ်ကြီးလဲမအော်ရဲ။ မြတ်ဒေါသထွက်လျှင်မလွယ်။ မြတ် သတိထားမိသော်လည်းမသိချင်ယောင်သာဆောင်နေလိုက်သည်။ စိတ်ထဲတွင်တော့တစ်စုံတစ်ယောက်အားကြိတ်ဒေါသထွက်နေမိသည်။ မြတ်သည်ထိုကျူရှင်ဝိုင်း၏သင်္ချာဆရာမဖြစ်ပြီးဝိုင်းထဲရှိဆရာ၊ဆရာမများနှင့်မတူ ထူးခြား‌ေသာအလှရှိသူ။ သူမကိုတစ်ချို့မှာလူကောင်ကြီးသည်ဟုထင်သော်လည်း သူမသည်မျက်နှာဝိုင်းဝိုင်း လူကောင်သေးသေး ခါးကျော်ရှိသည့်ဆံနွယ်များအားဖဲပြားပါသောခေါင်းစည်းကြိုးနှင့်အမြဲစီးထားသူ။ စည်းကမ်းတင်းကြပ်ပြီး စာမလုပ်လျှင်မကြိုက်။ အမြဲမြန်မာဆန်ဆန်ရိုးရိုးယဥ်ယဥ်ကိုဝတ်ခြင်းသည် သူမနှင့်အလိုက်ဖက်ဆုံးပင်။ သူမစာသင်နေလျှင်စကားပြောချင်းအားမကြိုက်။ သိုပေတည်းဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်သည်။

"ဟဲ့တကယ်ကြီးဟ"

"နင်မြင်တယ်မလား"

"အေးဟဲ့"

"အဲ့တာ တစ်ယောက်ယောက်က..."

"ဟဲ့..ဘယ်လိုတွေဖြစ်နေကြတာလဲ နင်တို့နော်တီချယ်မြတ်ကို"

"အမကလဲ တီချယ်မြတ်ကိုပြောရင်မကြိုက်ဘူး"

အမဆိုတာကတော့မြယွန်း‌ထိုက်။ ထိုဝိုင်းရဲ့ဂိုက်အသစ်လေးဖြစ်ပြီးနှစ်နှစ်ခန့်ပင်သာရှိသေးသည်။ မြတ်ရဲ့အနီးဆုံးဂိုက်ဆိုလဲမမှား။ အခြားဂိုက်များထက် မြတ်အနားတွင်မြသာအနေများသည်။ မြကတော့ငယ်စဉ်ထဲကအိမ်မက်ထဲဆံပင်ရှည်ရှည်အမျိုးသမီးနှင့်တခြားအမျိုးသမီးတစ်ဉီး၏ပုံရိပ်များအားအိမ်မက်ခနခနမက်သဖြင့်ဆံပင်အရှည်ထားထားသည်။ သူမကိုလိုက်နေသူများမနည်းသော်လည်းဂရုမစိုက်။ တစ်ကိုယ်တည်းသာနေလေသည်။

"နင်တို့စာသာလုပ်ကြ ထပ်ပြောရင်ငါကြိမ်လုံးနဲ့ရိုက်မှာနော်"

"တီချယ်ကလဲ..."

"မင်းတို့စကားများနေတာပြီးအုံးမှာလား"

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now