p-6

291 16 0
                                    

လင်းတစ်ယောက်အခန်းထဲတွင်ထိုင်ကာမှိုင်နေလေသည်။ ကြည့်ရတာမြယွန်းသူမဆီစာမပို့လို့နှင့်တူပါသည်။ စာပို့သမားလာတိုင်း‌သူမဆီစာပါမလားမျှော်ရတာအမော။

"မြယွန်းတော့တို့ကိုမေ့သွားပြီထင်ပါရဲ့ အင်းပေါ့လေတို့ကလွယ်လွန်းတော့တန်ဖိုးမဲ့သွားခဲ့တယ်ထင်ပါရဲ့"

~~~
တစ်ညလုံးငိုထားသောကြောင့် မြယွန်းကိုယ်လက်များကိုက်ခဲနေလေသည်။ လေးလံသောမျက်ခွံအားဖြေးဖြေးချင်းဖွင့်ကာ သူမဖခင်၏စကားအားပြန်ကြားယောင်၍မျက်ဝန်းထဲမျက်ရည်စများစိုစွတ်လာသောကြောင့်မသိမသာသုတ်လိုက်ရင်း အိပ်ယာမှထလာသည်။ မှန်တင်ကုန်ရှေ့ထိုင်ရင်းလင်းအားသတိရမိနေသည်။ တီလင်းကော မြယွန်းကိုသတိရပါ့မလား။ တီလင်းကောမြယွန်းလိုစေ့စပ်ရတော့မှာလား။ ပိုင်ဆိုင်သူရှိလာတော့မှာလား။ မြယွန်းကတီလင်းကိုတသက်လုံးဆုံးရှုံးရတော့မှာလား။ တီလင်းနဲ့အတူရှိချင်တယ်။ တီလင်းကိုတွေ့ချင်တယ်။ ‌ဒီတစ်ခါတွေ့ရင်ပြေးပြီးတင်းတင်းကျပ်ကျပ်ဖက်မိမယ်ထင်ပါတယ်။ အရမ်းလွမ်းတယ်ရှင်။ ပြီးမှသူမစဉ်းစားမိသည်မှာ သူမရောက်နေသည့်အခန်းမှာ မဟာရတနာမြိုင်စံအိမ် မဟုတ်။ နန်းတော်ထဲရောက်နေခြင်းပင်။

"သခင်မလေး...ကျမပါရှင့်"

"ဝင်လာခဲ့"

နီလဲထုံးစံတိုင်းအခစားဝင်ပြီး မြကတော့သူမမျက်နှာအားကြည့်လျှက်

"နီ...နီ့ကိုအရေးတကြီးခိုင်းစရာရှိတယ် နီ့ကိုမြယွန်းယုံလို့ရတယ်မလား"

"ရပါတယ်မမလေး သခင်မလေးအတွက်ဆိုဘာမဆိုလုပ်ဖို့အဆင်သင့်ပါ"

"ဟုတ်ပါပြီ ပွဲကဘယ်အချိန်စမှာလဲ"

"မနက်၁၀နာရီပါသခင်မလေး သခင်မလေးမှာပြင်ဆင်ချိန်၃နာရီနဲ့မိနစ်၃၀ကျန်ပါသေးတယ်"

"နီ့ကိုပြောစရာရှိတယ်"

"နားထောင်နေပါတယ်သခင်မလေး"

"မြယွန်းနဲ့အတူသွားလာ‌ေနတဲ့ တီလင်း..တီလင်းစန္ဒီမေကိုသိတယ်မလား"

"သိပါတယ်သခင်မလေး"

မြယွန်းကလက်ဟန်ဖြင့်နီအားသူမအနားတိုးလာရန်ခေါ်လိုက်ပြီးတိုးတိုးလေး သူမနှင့်လင်း၏အကြောင်းများအားပြောပြလိုက်သည်။ အခန်းထဲတွင်သူမတို့နှစ်ဦးသာရှိသော်လဲ အခန်းရှေ့မှဖြတ်သွားသူများကြားမည်‌ဆိုးသောကြောင့်ပင်။ ပွဲရှိသည့်နေ့မို့လူတွေရှုပ်ရှက်ခက်နေမှာသေချာပါသည်။

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now