"မြယွန်းမတွေ့ပါလားသမီး"
"ဟုတ်တီချယ် မြယွန်းဒီနေ့ခွင့်တိုင်ထားပါတယ်"
"ဒီကလေးလေး ဘာဖြစ်လို့လဲသမီး"
"သူနှလုံးဖောက်လို့ ဆေးရုံးတင်ထားရပါတယ်တီချယ်"
"ဘယ်လို!!"
"မနေ့ညကငိုတာများသွားပြီးတင်လိုက်ရတာပါတဲ့ သူ့အိမ်ကတီချယ်လဲ့ကိုဖုန်းဆက်ပါတယ်တီချယ်"
"ဟုတ်လား "
မြတ်အတော်ပင်စိတ်ပူသွားသည်။ သူပဲရည်းစားစကားပြောပြီးဘာလို့ငိုတာပါလိမ့်။ ဒီကလေးစိတ်ထိခိုက်လွယ်လိုက်တာ။ အမှန်တိုင်းပြောရလျှင်သူမမြယွန်ူကိုမျက်နှာချင်းဆိုင်ရမှာအနည်းငယ်ရှက်နေသည်။
~~~
"မြယွန်းဘာလို့ စာသင်နေရင်တီချယ့်ကိုပဲမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာလဲ"
"မကြည့်ရရင်မနေနိုင်လို့"
"ဟော ရှင်လေးကအဲ့လိုကြည့်နေတော့ရှက်တာပေါ့လို့"
"အဲ့တာလေးကိုကချစ်ဖို့ကောင်းနေတာ"
"တီချယ်...တီချယ်..တီချယ်မြတ်!!!"
မြတ်တစ်ယောက်မြယွန်းနှင့်ရှိခဲ့ဖူးသည့်အချိန်လေးအားပြန်တွေးနေမိပြီးလဲ့ခေါ်နေသည်အားမကြားနိုင်ပါ။
"ဟုတ်.. ဟုတ် ပြောပါတီချယ်"
"မြယွန်းကိုလေ ဆေးရုံသွားပြီးသတင်းသွားမေးကြမလား"
"သွားမယ်လေတီချယ်"
"ညနေတီချယ့်အတန်းချိန်ဖျက်လိုက်မယ်နော်"
"ဟုတ်"
သူမတို့မြယွန်းဆီသို့သွားခဲ့ကြသည်။ ဆေးရုံရောက်သောအခါ မြယွန်း၏မိခင်မှသူမအားဆန်ပြုတ်ခွံ့နေရှာသည်။ မြယွန်း၏မျက်နှာမှာဖြူဖက်ဖြူရော်နှင့်သာ။
"သမီး...သမီးတီချယ်တို့လာတယ်"
"တီချယ်မြတ်နဲ့တီချယ်လဲ့..."
"သက်သာရဲ့လားသမီး"
"ဟုတ်သက်သာပါတယ်တီချယ်လဲ့"
"အမညီမနဲ့စကားခနပြောရအောင်နော် တီချယ်မြတ်နဲ့သမီးလေးကိုလည်းနှစ်ယောက်ထဲစကားပြောကြပါစေ"
YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Cerita Pendek*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စိတ်ချရတဲ့သူလက်ထဲထည့်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီခ...
