p-30

825 34 2
                                        

"မြယွန်းလေး ပြန်ရောက်ပြီလား"

"ဟုတ်တီချယ် အဲ့တာကြောင့်သမီးတီချယ့်အတွက်ဆံထိုးဝယ်လာတယ် တီချယ်မြတ်အတွက်ကောပေါ့"

"ဆင်တူလား"

"ဟုတ်..တီချယ်တို့နဲ့လိုက်မှာပါ...တီချယ်မြတ်ကိုတော့တီချယ်ပဲပေးပေးပါနော်"

"ကိုယ်တိုင်ပေးလိုက်ပါလားသမီး"

"တီချယ်ပေးပေးပါ...မြယွန်းစာသင်နေရင်းထွက်လာတာမလို့ သွားလိုက်တော့မယ်နော်"

"ကလေး.. ဒီကလေးနဲ့တော့"

မြယွန်းခရီးမှပြန်ရောက်လာခဲ့ပြီး မြတ်နှင့်လဲ့အတွက်ဆံထိုးတစ်ခုဆီဝယ်ခဲ့သည်။ မြတ်သင်မည့်အချိန်များကိုပြန်ဝင်ရတော့မည်။ နောက်ဆုံးခုံတွင်ထိုင်ရင်းသူမစိတ်ထဲနည်းနည်းတစ်မျိုးဖြစ်နေလေသည်။

"မင်္ဂလာပါ"

မြတ်ရောက်လာခဲ့ပြီ။ မြတ်ဝင်ဝင်ချင်းပင်မြယွန်းကိုတွေ့၍ပြုံးမိသည်။ တပည့်များမှာတော့မြတ်ပြုံးလိုက်သောကြောင့်‌ကျောချမ်းနေကြသည်။ သူမစာရှင်းရှင်းပြီးချင်းပင် မြယွန်းဆီသို့လာခဲ့သည်။

"ဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ဘူးတီချယ်"

"ရှောင်နေတယ်နော် ဘာဖြစ်လို့လဲ"

"မရှောင်ပါဘူး..ထင်လို့ပါတီချယ်"

မြယွန်း မြတ်အားအပြုံးအရယ်မရှိပြန်ပြောခဲ့သည်။ မြတ်စိတ်ထဲစိတ်မကောင်းဖြစ်မိသည်။

"တီချယ့်ကိုရှောင်နေတာမကြိုက်ဘူးနော်"

"မဟုတ်.."

မြတ်ပြောချင်ရာပြောပြီးမြယွန်းပြန်ပြောသည်ကိုမစောင့်ပဲ လှည့်ထွက်သွားခဲ့သည်။ မြယွန်းပြုံးမိသည်။ အရင်ကမြတ်၏ပုံစံလေးပင်။ မြယွန်းသူမကိုယ်သူမအပြစ်တင်မိသည်။ မြတ်သူမအပေါ်ပြန်ကောင်းစပြုလာသည်ကို ဘာမှမခံစားရသလိုလုပ်နေလေသည်။ မြတ်စာသင်နေရင်းမှ ရုတ်တရက်မူးသွားခဲ့သည်။

"အာ့"

မြတ်၏အသံသည်သိပ်မ‌ကျယ်သော်လည်း မြယွန်းကြားလိုက်သည်။ မြယွန်းစိတ်ပူကာအပြေးလေးလာခဲ့သည်။ စိတ်မပူသလိုလိုနဲ့တကယ်တမ်းကျ သူမပဲအလွန်အကဲစိတ်ပူသည်။

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now