p-25

670 27 5
                                        

"ဟဲလို"

'ဟုတ်တီချယ်ရှင့် ကျမလေတီချယ့်ကိုသမီးလေးအတွက်အိမ်ကို‌ေခါ်သင်ချင်လို့ပါ'

"ကလေးကဘယ်နှတန်းလဲ"

'၁၂တန်းပါရှင့်'

"စာမေးပွဲကဖြေတော့မှာကို အချိန်သိပ်မကျန်တော့ဘူးပဲ"

'သမီးလေးကတီချယ်နဲ့ဆိုအဆင်ပြေမယ်တဲ့ ၁၀၀အပြည့်ယူချင်လို့ပါ'

"ရပါတယ်"

'လိပ်စာလေးပို့ပေးထားပါ့‌မယ်နော်'

"အချိန်လေးညှိပြီး လာမဲ့နေကိုပြောပေးပါမယ်"

'ကျေးဇူးပါရှင့်'

မြတ် သူမစာသင်မည့်အိမ်သို့ရောက်လာခဲ့သည်။

"အော်..တီချယ်တောင်လာပြီပဲ"

"ဟုတ်ကဲ့"

"သမီးကအပေါ်ထပ်မှာပါရှင့်.."

"အော် ဟုတ်တက်သွားလိုက်မယ်နော်"

"ဟုတ်ကဲ့တီချယ်"

မြတ်အပေါ်ထပ်တက်သွားပြီး အပေါ်ထပ်မှအခန်းတစ်ခုသို့ဝင်သွားလေသည်။ အခန်းထဲတွင်ပန်းနုရောင်ဂါဝန်အတိုလေးဝတ်ထားသည့်ကောင်မလေးတစ်ဦး။ ဆံနွယ်များအားစည်းမထား။ လေပြည်များတိုက်ခတ်သောအခါလွင့်လာသည့် ဆွဲမက်ဖွယ်ဆံနွယ်များသဖွယ်။

"ဟိတ်...ကောင်မလေး"

"တီချယ်.."

ထိုကောင်မလေးသည်တခြားမဟုတ် မြတ်၏ကလေးလေးပင်။ မြတ်၏အကြာကြီးရပ်ကြည့်နေမိသည်။ မြယွန်းသည်တကယ်လှသည့်‌ေကာင်မ‌ေလး။ သူမမျက်လုံးထဲတွင်တော့ကလေးငယ်တစ်ဉီးသာသာ။ သူမပြုံးမိသည်။ တစ်ခါမှမဝတ်ဖူးသည့်ဂါဝန်တိုတိုလေးကိုဝန်ထားသည့်ကောင်မလေးကိုသူမသဘောကျပါသည်။ မြယွန်းသူမအားမြင်မြင်ချင်းပင် ပြေး၍ဖက်လေသည်။

"ဘယ်သူများလဲလို့..တီချယ့်ကလေးလေးကို"

"ဟိဟိ"

"တီချယ်နဲ့နှစ်ယောက်ထဲသင်ချင်လို့ အဲ့သလိုဆိုပိုနီးနီးကပ်ကပ်နေရတယ်မလားလို့"

"တကယ့်အဆိုးလေးပဲ"

"တီချယ်နော် သမီးကတီချယ့်ကိုချစ်လို့ဆိုးတာပေါ့လို့"

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now