ကျူရှင်ဆင်းချိန်တွင်မြယွန်းလည်းပြန်တော့မည်အလုပ်မြတ်နှင့်တံခါးနားတွင်တွေ့လေသည်။
"တီချယ်မင်္ဂလာပါ"
"မင်္ဂလာပါသမီးလေး လိုက်နိုင်ရဲ့လားကလေးလေး"
"ဟုတ်ကဲ့လိုက်နိုင်ပါတယ်တီချယ်"
မြတ်သည်မြယွန်းအားပြုံးပြလိုက်သဖြင့် မြယွန်းသဘောကျမိသည်မှာအမှန်။
တစ်နှစ်ကြာပြီးနောက်မြယွန်းတို့လည်း g-10 သို့ရောက်ရှိလာခဲ့ပြီး ကံ့ကော်ဝိုင်းတွင်သာကျူရှင်ယူခဲ့သည်။ မြတ်နှင့်လဲ့ကလည်း မြယွန်းကိုသတိထားမိကြပြီး မှတ်မိနေကြသည်။ သို့ပေတည်း မြယွန်းနှင့်သန့်မောင်တို့နှစ်ယောက်လုံး ကျူရှင်စဖွင့်ချိန်မှမတတ်ပဲ ကျူရှင်ဖွင့်ပြီ၁လကျော်မှစတင်တတ်ခဲ့သည်။ မြယွန်းကတော့ထုံးစံတိုင်း လဲ့နှင့်မြတ်အားသဘောတူနေလေသည်။ ညားသွားရင်ကောင်းမယ်ဟုသာတွေးနေသည်။ မြယွန်းမနှစ်ကကျူရှင်တတ်စဉ်တွင် မြတ်စာသင်နေချိန်လဲ့ရောက်လာတိုင်း နှစ်ဦးသားစကားစမြည်ပြောနေတတ်ပြီး တစ်ခါပြောလျှင်နာရီဝက်တစ်ရီခန့်ကြာတတ်သဖြင့် မြယွန်းလည်းမြတ်အချိန်ရောက်တိုင်းလဲ့ကိုသာမျှော်နေတတ်သည်။ မြတ်လဲ လဲ့ကိုမျှော်နေပုံရပါသည်။ မလာလျှင်ပြတင်းပေါက်လေးကြည့်နေရတာအမော။
ယနေ့ကျူရှင်ပြန်တတ်တဲ့နေမို့ မြယွန်းပြင်ဆင်ကာထွက်လာခဲ့သည်။ ကျူရှင်သို့ရောက်ပြီးခနအကြာ မြတ်ရောက်လာခဲ့သည်။ အကိုခွန်းစစ်ဟူသည့်ဂိုက်ဆရာသည် သူမအားရှေ့ဆုံးတွင်ထိုင်ခိုင်းလိုက်သည်။ မထိုင်ချင်ဘူးမြတ်အားေကြာက်သည်ဟုငြင်းသော်လည်းထိုင်လိုက်ပါဘာမှမဖြစ်ပါဘူးဟုဇွတ်ထိုင်ခိုင်းနေသောကြောင့်ထိုင်လိုက်သည်။ မြယွန်းလည်းမြတ်သူမအားမမှတ်မိလောက်ပါဘူးတွေးရင်းကြောက်ကြောက်နှင့်ရှေ့တွင်ထိုင်ခဲ့ရသည်။ မြတ်ရောက်လာပြီးစာစသင်ရန်ဟန်ပြင်လိုက်စဉ် မြယွန်းအားတွေ့သွားခဲ့ပါသည်။ သူမ မနှစ်ကအတူတတ်ခဲ့သည့်သူငယ်ချင်းလည်းဒီနေ့မှဝင်ပါသည်။
"ဘယ်ရောက်ပြီလဲ...အော်ခနနေအုံး မင်းတို့အမှတ်စာရင်းတွေ ရပြီနော် သားရေပေးပါအုံး"
YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါဘယ်သူ့ကိုရွေးသင့်လဲ" *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စွန့်လွှတ်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီချယ်ကမြယွန်းရဲ့အရာရ...