ယနေ့ မြယွန်း rehearsal အတွက် ဂါဝန်လေးအားဝတ်ဆင်ခဲ့သည်။ သူမနှင့်လိုက်ဖက်ပြီး ပို၍ချစ်စရာကောင်းသည်။ အသားရောင်မို့သူမအသားရည်နှင့်လိုက်ဖက်နေသေးသည်။ ဆံနွယ်ကိုလည်းအကုန်စုစည်းမထားကာ တဝက်သာစည်းထားသည်။ မိတ်ကပ်ပါးပါးကြည်ကြည်လေးနှင့်သူမလှပနေခဲ့သည်။ ကတီပါဖိနပ်အနက်လေးကိုဝတ်ဆင်ထားသဖြင့်သူမ၏သွေးကြောစိမ်းစိမ်းလေးများအထင်သား။ မြတ် သူမကိုလာကြိုမည်ဆိုသောကြောင့် သူမခြံထဲတွင်ပန်းပင်လေးတွေကြည့်ရင်းစောင့်နေခဲ့သည်။ မကြာခင်မြတ်ရောက်လာခဲ့သည်။ မြတ်သူမအားလာကြိုစဉ် ထိုလူကြီးပါလာခဲ့သည်။ မြတ်ကားရှေ့ခန်းတွင်ထိုင်ခဲ့ပါသည်။ မြယွန်းအတော်လေးဘဝင်မကျ။ လဲ့နှင့်သာလိုက်ဖက်သည်။ ထိုလူသည်မြတ်နှင့်လုံးဝမတန်။ မြတ် ပန်းနုရောင်ပိတ်ဖောက်ဇာဝမ်းဆက်လေးဝတ်ဆင်ထားကာ ထုံးစံအတိုင်း ဖဲပြားသည်ဆံနွယ်ထက်ဝယ်မပါမဖြစ်။ နှုတ်ခမ်းနီပါးပါးလေးဆိုးထားသည်မှာသူမနှင့်လိုက်ဖက်သည်။
"သမီး.."
"တီချယ်.."
"သွားကြမယ်လေ"
"ဟုတ်ကဲ့တီချယ်"
"တီချယ်နောက်ဆင်းခဲ့မယ်"
"ဟုတ်"
"တီချယ့်ကလေးလေး ဒီနေ့လှပနေပါလား..ဟင်"
"လှမှာပေါ့တီချယ်နဲ့တူတာကို"
"ဒီကလေးကတော့..."
မြတ်ပုခုံးပေါ်သို့သူမခေါင်းလေးမှီကာ ခန်းမသို့သွားခဲ့ကြသည်။ မကြာခင်ရောက်ရှိခဲ့သည်။
"အကို..မြတ်အထဲဝင်တော့မယ်..အကိုပြန်တော့လေ မြတ်ကိုယ်ဟာကိုယ်ပဲအိမ်ပြန်လိုက်မယ်"
"ရရဲ့လားမြတ်ရဲ့ အကိုလိုက်ပို့ပေးမယ်လေ"
"ရပါတယ်အကို...ကလေးနဲ့ဝင်စရာလေးရှိသေးလို့"
"အော်..ဟုတ်ပါပြီဗျာ ဒါဆိုအကိုသွားတော့မယ် ဂရုစိုက်နော်မြတ်.."
"ဟုတ်ကဲ့"
လဲ့အပေါ်ထပ်မှထိုမြင်ကွင်းအားမြင်လိုက်သည်။ လဲ့မျက်နှာမကောင်းပါ။ လရောင်လဲသူမဘေးတွင်ရှိနေသောကြောင့်သတိထားမိလိုက်သည်။ မြယွန်း မြတ်လက်အားချိတ်ကာ လဲ့ရှိရာသို့ဝင်လိုက်ခဲ့သည်။ လှသွေးကြွယ်နေသည့်အဖြူရောင်သတို့သမီးလေး။ မြတ်၏အကြည့်များမလွှဲနိုင်။ သူမပြုံးပြုံးလေးသာရပ်ကြည့်နေလေသည်။

YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စွန့်လွှတ်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီချယ်ကမြယွန်း...