"တီချယ်တို့ခရီးသွားကြမလို့သမီး"
"ဘယ်သွားမလို့လဲတီချယ်"
"ပုဂံ"
"အတော်ပဲသမီးလဲသွားချင်နေတာ"
လဲ့ မြတ်နှင့်မြယွန်းအရင်ကကဲ့သို့အဆင်ပြေစေရန်အရင်ကလိုခရီးထပ်သွားဖို့ဆုံးဖြတ်ခဲ့သည်။
"သမီးကတီချယ်မြတ်နဲ့...."
"တီချယ်လဲ့....ခွန်းတီချယ်မြတ်နဲ့ထိုင်လိုက်မယ်နော်"
"ဟင်..မဟုတ်ဘူးလေ"
"တီချယ်မြတ်တောင်လာပြီ..တီချယ်သမီးနဲ့တူတူထိုင်နော်"
မြတ်နှင့်မြယွန်းအားအတူထိုင်ခိုင်းချင်သော်လည်း ခွန်းဝင်ရှုပ်ခဲ့သည်။ လဲ့ မြယွန်းအားမြတ်နှင့်ထိုင်ရန်ပြောနေစဉ် ခွန်းကဝင်ပြောကာ မြတ်လဲအချိန်ကိုက်ထိုနေရာရောက်လာခဲ့သည်။ မြယွန်း မြတ်မျက်ဝန်းအားကြည့်နေသော်လည်း မြတ်ရှောင်နေသည်။ မြတ် ခွန်းကိုသာကြည့်နေပြီး သဘောကျနေပုံရပါသည်။
"ခွန်း...တီချယ်ကလေ တီချယ်မြတ်နဲ့တီချယ်မြယွန်းကိုစီစဉ်ထားတာသမီးရဲ့"
"ဟာ..တီချယ်မြတ်နဲ့ထိုင်ချင်ပါတယ်ဆို"
"ခွန်းဆက်ချိုက တီချယ်မြတ်နဲ့ထိုင်ချင်တယ်ဆို..မြယွန်းကဖယ်ပေးလိုက်ပါ့မယ်"
"အဲ့လိုအလိုက်သိပေးေတာ့ကောင်းတာပေါ့"
မြတ်၏မျက်စောင်းထိုး၍ပြောသောအပြောလေးကြောင့်မြယွန်းစိတ်ထဲကသိကအောက်ဖြစ်ခဲ့သည်။
"ရေး..တီချယ်မြတ်နဲ့ထိုင်ရတော့မယ်"
"တီချယ်တောင်းပန်ပါတယ်..နွယ်နောက်ကျသွားတယ်"
"နွယ်ရေသောက်လိုက်အုံး...ချွေးတွေကြီးပဲကြည့်ပါအုံး"
"ဖြေးဖြေးလာပါသမီးရယ်..တီချယ်တို့မလောပါဘူး"
"အချိန်မလေးစားလိုက်တာ"
မြတ်ခနဲ့၍ပြောကာကားပေါ်သို့ဆောင့်အောင့်ပြီးတက်သွားလေသည်။ ခွန်းကတော့အနောက်မှလိုက်သွားသည်။
"သမီးနွယ်နဲ့ထိုင်လိုက်မယ်တီချယ်...အစကတော့တီချယ်နဲ့ထိုင်မလို့..အခုတော့စိတ်ပြောင်းသွားပြီ.."
YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စိတ်ချရတဲ့သူလက်ထဲထည့်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီခ...
