လင်းထိုစံအိမ်တွင်နေလာခဲ့သည်မှာ၁လကျော်မှကြာခဲ့ပြီး မြနှင့်လည်းအမှတ်တရများရှိနေပြီ...
မီးဖိုခန်းထဲတွင် လင်းတစ်ယောက်ကြီးကြီးအိအားဝိုင်းကူနေသည်။ နီကတော့ဘေးမှလင်းကိုမလုပ်ရန်ပွစိပွစိသာပြောနေပြီး ကြီးကြီးသည်လည်းတားခဲ့သည်။ သို့ပေတည်း လင်းထိုအိမ်တွင်ဘာအလုပ်မှမလုပ်ပါကတခြားသူများအထင်လွဲမည်ဆိုသောကြောင့်လင်းဝိုင်းကူနေသည်။ သူမပျင်းနေသည်ဆိုလည်းမမှား။"သမီးရယ် သခင်မလေးမရှိလဲနားနားနေနေ နေပါကွယ် မီးဖိုခန်းကကိစ္စတွေက ကြီးကြီးနဲ့ကောင်မလေးတွေလုပ်ပါ့မယ်"
"ရပါတယ် ကြီးကြီးရဲ့ လင်း ဝိုင်းကူပါရစေ"
"မမလေးရယ် သခင်မလေးပြန်လာလို့ မမလေးဝင်လုပ်နေတာတွေ့ရင်ကျမတို့ပဲအဆူခံရမို့ပါ"
"နီတို့ သခင်မလေးကသွားတာကြာအုံးမှာပါ အရေးကြီးကိစ္စရှိလို့တဲ့"
"ဒါပေမဲ့လည်းမလုပ်ပါနဲ့မမလေးရယ် မမလေးရဲ့လက်နုနုလေးတွေကဒါတွေလုပ်ဖို့မဟုတ်ဘူးလေ"
"တီလင်း"
နောက်မှရုတ်တရက်ရောက်လာသည့်မြကြောင့် လင်းနှင့်အခြားသူများလန့်သွားကြသည်။ နီအဆူခံရတော့မည့်အကြောင်းကို နီကတော့ကိုယ်တိုင်သိပြီးသက်ပြင်းသာချမိသည်။
"ရှင့်"
"သခင်မလေး..!"
"နီ...မြ ပြောထားတယ်လေ တီလင်းကိုဒီအလုပ်တွေမလုပ်ခိုင်းပါနဲ့ဆို"
"သခင်မလေး ကျမလဲပြောပါတယ်မမလေးက.."
"မဟုတ်ပါဘူး ကျမကိုယ်တိုင်ဝိုင်းကူပေးတာပါ"
"ဒါပေမဲ့တီလင်းကိုခေါ်ထားတာ အဲ့တာတွေလုပ်ဖို့မဟုတ်ပါဘူး"
"တောင်းပန်ပါတယ် ကျမလေ..."
"တော်ပြီနီ...ဘာမှမပြောနဲ့တော့...တီလင်းအခန်းထဲလိုက်ခဲ့ပါ"
"သခင်မလေးကမမလေးကိုအရမ်းအလေးပေးတာပဲ"
"အေးလေ ဒါတွေလုပ်ဖို့မခေါ်ရင် မမလေးကိုဘာလုပ်ဖို့ခေါ်ထားတာလဲ"
"မမလေးက သခင်မလေးဘေးချင်းကပ်အခန်းမှာလဲနေရတယ်"
"တစ်ခုခုတော့တစ်ခုခုပဲ"
YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါဘယ်သူ့ကိုရွေးသင့်လဲ" *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စွန့်လွှတ်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီချယ်ကမြယွန်းရဲ့အရာရ...