မြတစ်ယောက်မနက်မိုးလင်းမှစံအိမ်သို့ပြန်လာခဲ့သည်။ အပြုံးတွေကတော့ဝေဖျာစမြဲ။ သူမစံအိမ်ထဲဝင်လာသည်နှင့်အိမ်တော်ထိန်းမှာအပြေးအလွှားရောက်လာကာဒူးထောက်ခစားပြီး မေးခွန်းများစတင်မေးပါတော့သည်။
"သခင်မလေး မနေ့ကဘာလို့အိမ်ပြန်မလာတာပါလဲ"
"အော် မြကိစ္စရှိလို့ ဦးကြီးစိတ်ထဲမထားပါနဲ့"
"သခင်မလေးအဲ့လို....."
"တိတ်စမ်း...ဦးကြီးကမြကိုမေးခွန်းထုတ်ခွင့်မရှိဘူး နီကောနီ့ကိုအခန်းထဲလွှတ်လိုက်"
"ဟုတ်ကဲ့ပါ သခင်မလေး"
~~~
"သခင်မလေး ကျွန်မရောက်ပါပြီရှင့်""ဝင်ခဲ့"
ရေမိုးချိုးပြီးမှန်တင်ခုံရှေ့တွင်ထိုင်ကာပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး ဆံနွယ်များအားရေခြောက်အောင်အစေခံများမှဝိုင်းဝန်းလုပ်ပေးကြနေသည်။ မြကတော့မှန်ထဲကသူမကိုယ်သူမကြည့်နေသည်ဟုထင်ရပေမဲ့စိတ်များကတော့လင်းဆီမှာသာ။ အဲ့လာက်ထိကိုစိုးမိုးထားတာပါ။
"သခင်မလေးအေရးတကြီးခိုင်းစရာကိစ္စရှိလို့လားရှင့်"
"မြကို နီလာတစ်ဆက် ပြင်ဆင်ပေး ညနေလက်ဆောင်ပေးစရာရှိလို့ အရေးအသွေးအမြင့်ဆုံးထဲကလိုချင်တယ်"
"ဟုတ်ကဲ့သခင်မလေး နီ ပြင်ပေးထားပါ့မယ်
အော် ဒါနဲ့သခင်မလေး သခင်ကြီးဖုန်းဆက်ပါတယ် သခင်မလေးကိုမနက်ဖြန်ပြန်လာခဲ့ဖို့ မှာလိုက်ပါတယ်""ဘာပြောလိုက်တယ် မနက်ဖြန်ဟုတ်လား"
"ဟုတ်ကဲ့သခင်မလေးကို..."
"တိတ်တိတ်တိတ် ဘာမှဆက်မကြားချင်ဘူး ကြည်...မြအတွက်အင်္ကျီထုတ်ပေး အရေးတကြီးသွားစရာရှိလို့ နီကမြယမှာထားတာကိုအခုသွားလုပ် ယုကမနက်ဖြန်ပြန်ဖို့အကုန်စီစဉ်ထား မြန်မြန်လုပ်ကြ"
"သခင်မလေး ဘယ်သွားအုံးမလို့လဲ"
"သခင်မလေးကဒီမြိုနဲ့မရင်းနှီးသေးလို့ နီပါလိုက်ခဲ့ပါရစေ"
"ရပါတယ် ခိုင်းတာသာလုပ်ကြပါ"
နီနှင့်အတူကျန်တဲ့သူများအားလုံး "ဟုတ်ကဲ့ပါသခင်မလေး" ဟုတစ်သံထဲထွက်ကာအကုန်အပြေးအလွှားဖြစ်ကုန်ကြသည်။

YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စိတ်ချရတဲ့သူလက်ထဲထည့်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီခ...