"သခင်မလေး ဘာလို့ည၈နာရီကျော်နေမှပြန်လာတာပါလဲ နောက်ကျနေပြီသိရဲ့သားနဲ့၇နာရီမထိုးခင်...."
"ဦးကြီး မြကိုအဲ့လောက်စိတ်မပူပါနဲ့ မြကလေးမဟုတ်ဘူး"
"သခင်မလေးက ကလေးမဟုတ်လို့ပြောနေရတာပါ သခင်မလေးကတော်ဝင်မင်းသမီးဆိုတာသတိရပါ သခင်မလေးနားမှာရန်သူတွေဝိုင်းနေတယ်ဆိုတာသိစေချင်ပါတယ်"
"မြသိပါတယ် မြနားတော့မယ်"
"မနက်ဖြန်သခင်မလေးမပြန်ခင် မနက်စာကိုဘာများသုံးဆောင်ချင်ပါသလဲ"
"ရပါတယ် အဆင်ပြေတာပေါ့ good night ပါ"
"Good night ပါသခင်မလေး"
~~~
မနက်စာစားပြီးသည်နှင့်ကလောမြို့မှထွက်ခွာခဲ့သည်။ ကလောမြို့ကိုမြယွန်းချစ်သည်။ ဒီနှစ်နွေရာသီတွင်ကလောမြို့၌မြယွန်းနှင့်လင်း၏မမေ့နိုင်သောအမှတ်တရများစွာရှိခဲ့သည်။ "မြယွန်းသီရိဒေဝီ" နှင့် "လင်းစန္ဒီမေ" တို့အားဆုံစည်းစေခဲ့သည့် ကလောမြို့။ လင်းလဲထိုနေ့မနက်တွင်ပဲမန္တလေးသို့ပြန်ခဲ့ရသည်။ နှစ်ဦးစလုံး၏မျက်ဝန်းများတွင်မျက်ရည်စများအနည်းငယ်စီရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးမသိသည်မှာမန္တလေးရောက်လျှင်ကြုံရမည့်ကံတရားကိုပင်။ခမ်းနားကျယ်ဝန်းသည့်ခြံကြီးတစ်ခြံထဲသို့မြယွန်း၏ကားကလေးတစ်ရွှေ့ရွှေ့ဖြင့်ဝင်သွားသည်။ အပြင်ပိုင်းကကြည့်လျှင်လည်းကြီးမားကျယ်ဝန်းသလို ခြံကြီးထဲမှအိမ်ကြီးကိုလဲခမ်းနားထည်ဝါစွာဆောက်လုပ်ထားသည်။ ခြံရှေ့တွင်ရွှေရောင်စာလုံးများဖြင့် "မဟာရတနာမြိုင်စံအိမ်" ဟုထွင်းထုထားသည်။ ကားကလေးဝင်သွားသည်နှင့်အပြေးအလွှားခြံတံခါးဖွင့်ကြသူများရှိသလို မြအားခစားနေကြသူများလဲရှိသည်။ အိမ်ကြီးရှေ့ရောက်သည်နှင့်ကားလေးရပ်သွားကာ ကားပေါ်မှာမြသည်ကြွကြွယွယွပင်ဆင်းလာသည်။ မြဆင်းလာသည်နှင့်အကုန်လုံးဒူးထောက်ကာခစားကြသည်။ မနှစ်သက်သော်လည်းတား၍မရ တော်ဝင်မိသားစု၏အစဉ်အလာပင်။ အိမ်တော်ထိန်းလည်းထွက်ကြိုနေသည်။ ထိုအိမ်တော်ထိန်းမှာ ကြီးကြီးအိ။ ကြီးကြီးအိကပြုံးပြကာ
![](https://img.wattpad.com/cover/359214634-288-k389875.jpg)
YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စွန့်လွှတ်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီချယ်ကမြယွန်း...