"ကဲ ရောက်ပါပြီဗျာ့"
သခင်ေလးသည်ခမ်းနားလှသောအိမ်ကြီးတစ်အိမ်သို့မြတို့အားခေါ်သွားခဲ့သည်။ အိမ်ကြီးသည်ရှေးဟောင်းအိမ်ကြီးဖြစ်သော်ခမ်းနားထည်ဝါစွာဖြင့်ကျက်သရည်ရှိရှိတည်ရှိနေလေသည်။ အိမ်ကိုသဘောကျကြောင်းမြပြုံး၍ပြောနေသဖြင့် လင်းမျက်နှာအနည်းငယ်ပျက်နေမိသည်။
"မြကိုအပေါ်ထပ်ကကိုယ့်အခန်းဘေးမှာစီစဉ်ပေးထားတယ် မြရဲ့အနီးဆုံးလူတစ်ယောက်ကိုတော့မြရဲ့ဘေးချင်းကပ်အခန်းမှာပဲ စီစဉ်လိုက်မယ်နော် ကျန်တဲ့သူတွေကောအောက်ကအခန်းတွေမှာအဆင်ပြေသလိုနေကြပါ"
"ကျေးဇူးတင်ပါတယ် အကိုခွန်း အိမ်ကြီးကအရမ်းလှတာပဲနော် မြသဘောကျလိုက်တာ"
"မြသဘောကျရင်ပြီးတာပါပဲ ကိုယ်ကမြသဘောမကျမှာစိုးရိမ်နေတာ"
"သခင်လေးနဲ့သခင်မလေး ကျမတို့အပေါ်တတ်နှင့်ပြီးပစ္စည်းတွေနေရာချထားလိုက်ပါ့မယ်"
"ကောင်းပါတယ် ပြီးရင်နီတို့နားကျတော့"
"ဟုတ်ကဲ့ပါသခင်လေး"
"မြ ညနေကျရင်မီးပုံပွဲလုပ်လိုက်မယ် မြတို့ကိုပျော်စေချင်လို့"
"မြလဲလုပ်ပါလားလို့ပြောမလို့"
"ကိုယ်တို့စိတ်ချင်းဆက်နေတယ်နဲ့တူပါတယ် ကဲ... မြလဲနားတော့လေ"
"ဟုတ် အဲ့တာဆိုမြသွားနားတော့မယ်နော်"
"သွားပါဗျာ့"
~~~
မြအပေါ်ထပ်သို့တတ်သွားတာသူမနားရမည့်အခန်းဆီသို့ဦးတည်သွားသည်။ နီအားပြောစရာရှိတာပြောရင်း လင်းအားတွေ့ချင်နေမိသည်။"သခင်မလေး...အခန်းအဆင်သင့်ဖြစ်ပါပြီရှင့်"
"နီ တီလင်းကိုမြနဲ့အတူထားပေး"
"ရှင်..ဖြစ်ပါ့မလား သခင်လေးသိသွားရင်..."
"မြကြည့်လုပ်လိုက်မယ်...တီလင်းကိုမြအခန်းထဲမှာပဲခေါ်ထားမယ်နော်"
"ဟုတ်ကဲ့ပါသခင်မလေး"
နီထွက်သွားပြီးသိပ်မကြာလင်းအခန်းထဲသို့ဝင်လာခဲ့သည်။ ဝင်ဝင်ချင်းရင်ခွင်ထဲထည့်ခံလိုက်ရသောကြောင့်အနည်းငယ်လန့်သွားမိသည်။ သို့ပေမဲ့မြမလို့ငြိမ်နေလိုက်သည်။ ခနအကြာမှလွှတ်ဖို့ပြောလိုက်သည်။

YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Conto*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စိတ်ချရတဲ့သူလက်ထဲထည့်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီခ...