p-3

386 23 0
                                    

"ကဲ တီလင်း ဆင်းလို့ရပါပြီရှင်..."

ထိုသို့ပြောပြီး မြယွန်းလည်းလင်းအားလက်ကမ်းပေးလိုက်သည်။ မြယွန်း အလွန်လှပသည့်ပန်းခင်းကြီးတစ်ခုထဲလင်းအားခေါ်သွားလေသည်။ ပန်းများသည်အရောင်အသွေး အမျိုးအစားစုံစုံလင်လင်ရှိ၏။ ပန်းခင်းကြီး၏အလယ်တွင် အမိုးအကာရှိပြီးစားပွဲနှင့်ခုံနှစ်ခုအားချထားလေသည်။

"မြ..."

"ရှင်.."

"ဒီခြံရဲ့ပိုင်ရှင်ကမြလား..."

"ဟုတ်တယ်လေ ဘာလို့လဲတီလင်း"

"ဘာမှမဟုတ်ပါဘူး"

လင်းကတော့စာဆက်ရေးနေပြီးမြယွန်းကတော့လင်းအားတစ်စိမ့်စိမ့်ထိုင်ကြည့်နေလေသည်။ တီလင်းရယ်လှရက်လိုက်ပုံများ။ တီလင်းကိုတခြားတစ်ယောက်အပိုင်ရသွားရင်မြယွန်းတော့ရင်ကျိုးရချီရဲ့။ တီလင်းကို မြယွန်းပိုင်ဆိုင်ချင်မိတယ်။ မြယွန်းတို့ကမိန်းမသားချင်းတွေမို့၊ မြယွန်းက မြယွန်းက သာမာန်မိန်းကလေးမဟုတ်သလို တီလင်းကလဲ သာမာန်မိသားစုထဲကဟုတ်မနေခဲ့ဘူး။ တီလင်းနဲ့ဝေးရင်မြယွန်းတော့တကယ်ရူးလိမ့်မယ်။

"မြ"

"ရှင်"

"တို့ မင်းအကြောင်း‌ေတွသိချင်တယ်"

"တီလင်းကဘာတွေသိချင်တာလဲ"

"မင်းကဘယ်မျိုးရိုးကဆင်းသက်လာတာလဲ"

"မြက ဟိုလေ"

"မင်းဖြေရခက်‌ေနတယ်ဆိုလဲထားပါ မင်းဘွဲ့ရပြီးပြီလား"

"ရပြီးတာကြာပေါ့ ဒါနဲ့တီလင်းကဘယ်လို့မြကိုဘယ်မျိုးရိုးကဆင်းသက်လာတာလဲလို့မေးတာလဲ"

"မင်းရုပ်ရည်ကသာမာန်မဟုတ်လို့‌ေပါ့ကွယ် မင်းကမျိုးရိုးမြင့်ထဲကပဲဖြစ်ရမယ် မင်းပုံစံကအထက်တန်းဆန်တယ်"

"မြကသာမာန်‌မိသားစုကပါပဲ တီလင်းကကော ဘယ်မျိုးရိုးကလဲ"

"ဟူး တို့ဖေဖေကမြို့စားလေ"

"အော် ဟုတ်လား တီလင်းကမျိုးရိုးမြင့်တာပဲ မြယွန်းကတော့...."

"တို့ကိုသာမာန်ပဲဆက်ဆံလို့ရပါတယ် တို့ကိုမြိုစားသမီးဆိုပြီးအရေးတယူလုပ်နေတာတွေမကြိုက်ဘူး မင်းနဲ့သိကျွမ်းခဲ့တယ်ဆိုတာ မင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုသဘောကျလို့ပါကွယ်"

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now