"တီတီလဲ့...ဆုလေးလာတယ်..."
စာသင်သည့်လဲ့အခန်းထဲသို့ဆုတစ်ယောက်ပြေးဝင်သွားသည်။ မြယွန်းလည်းနောက်မှအပြေးလိုက်ရတော့သည်။ ဆုလေးကိုလဲ့ပြေးဖက်ကာကောက်ချီလိုက်တော့သည်။
"ဆုလေး တီတီလဲ့ကဆုလေးကိုမျှော်နေတာကလေးလေးရဲ့... လာပါအုံး...ချစ်လိုက်တာ..."
"ဆုလေး တီတီလဲ့စာသင်နေတယ်လေကွာ"
"မြယွန်းရယ်ကလေးကိုမပြောပါနဲ့"
"တီချယ်စာသင်နေတာအနှောင့်ယှက်ဖြစ်မှာဆိုးလို့ပါတီချယ်ရယ်"
"တီတီလဲ့ဆုလေးကိုလွမ်းလား"
"လွမ်းတာပေါ့... တီတီ့ဆီမလာတာကြာပီနော် မေ့နေပြီလားတီတီ့ကို"
"မေ့ပါဘူး မီးမီးကတီတီ့ကို များရီးလွမ်းနေတာ"
"ဆုလေး.."
"ရှင်.."
"ဆုလေးကရှင်လို့တောင်ထူးတက်နေပြီလား"
"ဟုတ်ပါ့တီချယ်လဲ့ရေ... ချယ်မြတ်နဲ့တစ်ေန့တစ်ခြားပိုပိုတူလာတယ် ရစ်လိုက်တာလဲမပြောနဲ့"
"တို့သမီးပဲ တို့နဲ့တူတာစမ်းလား.."
"မစမ်းပါဘူးရှင်.."
"ဆုလေး..ဘာလို့တီတီလဲ့ကိုအနှောင့်ယှက်ပေးနေတာတုန်း.. တီတီစာသင်နေတယ်လေ"
"မေမေကလည်း မီးကတီတီလဲ့ကိုချစ်လို့ဟာကို.."
"မေမေမကြိုက်ဘူးနော်... နောက်မှာမာမီနဲ့တူတူငြိမ်ငြိမ်သွားထိုင်နေ.."
"ကလေးကိုမဆူပါနဲ့တီချယ်ရယ်"
"ချယ်အဆင်ပြေရဲ့လား... ဘာလို့စိတ်မကြည့်တော့တာလဲ အိမ်ကထွက်လာတုန်းကအကောင်းကြီးပါ"
"ပြေပါတယ်.... ဘာမှမဖြစ်ဘူး"
"ဒီမှာကြည့်တီတီလဲ့ပြမယ် မီးလေးအတွက်ပန်းလေးခူးလာတယ်.."
"ဟင်..ပန်းလေးကိုဘာလို့မေမေနဲ့ခွဲလိုက်တာလဲ..အဟင့်..ဟင့်.."
"ဟာ မီးမီး..ဘာလို့ငိုတာလဲမငိုနဲ့လေကွယ်"
"ဆုလေး ငိုစရာမဟုတ်တာကိုကွာ"
"မေမေ တီတီလဲ့ကပန်းလေးကိုသူ့မေမေဆီကနေခေါ်လာတယ်...သူ့မေမေကိုမတွေ့လို့သူဝမ်းနည်းနေတော့မှာ...ဟင့်..."
YOU ARE READING
မဟာရတနာမြိုင်စံအိမ်
Short Story*မြယွန်းသီရိဒေဝီ* "တီလင်းရဲ့ဖြစ်တည်မှူတိုင်းကိုမြတ်နိုးတယ်" *လင်းစန္ဒီမေ* "နောင်ဘဝမှာတော့...မြနဲ့ပြန်စုံစည်းခွင့်လေးပေးပါ" *မြတ်သီရိမေ* "ငါ့မာနထက် ပိုချစ်တဲ့သူက....." *လဲ့ဝတ်မှုန်* "ချစ်လွန်းလို့..စိတ်ချရတဲ့သူလက်ထဲထည့်ပေးခဲ့တာပါ" *မြယွန်းထိုက်* "တီခ...
