p-1

335 16 1
                                    

လွန်ခဲ့သောနှစ်ပေါင်းများစွာက
"ဒီနေ့ Time table ပါသခင်မလေး"

မနက်စာစားနေသည့်မိန်းကလေးငယ်တစ်ဦးအား သူမ၏အတွင်းရေးမှူးသည်အရို‌ေသပြုပြီး‌ မှတ်စုစာအုပ်လေးတစ်အုပ်ပြနေလေသည်။
Time table အားကြည့်လိုက်ပြီး

"သခင်မလေး ကလောမြို့မှာတည်းခိုရတာအဆင်ပြေပါရဲ့လား"

"အင်း ပြေပါတယ်"

"ဟုတ်ကဲ့သခင်မလေး"

ထိုမိန်းကလေးငယ်၏အသံသည်ချိုသာလွန်း၏။ ထိုမိန်းကလေးသည်တော်ဝင်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး သူမသည်တော်ဝင်မျိုးနွယ်ဝင်၏နောက်ဆုံးမျိုးဆက်ပင်။ ကျက်သရေရှိသောတော်ဝင်အလှကိုပိုင်ဆိုင်ထားသူဖြစ်ပြီးနက်မှောင်သောဆံနွယ်နှင့်သေးသွယ်လှပသောခန္ဓာကိုယ်သာမက ဖြူဥလွန်းသည်အသားရည်ကိုပိုင်ဆိုင်ထားသေးသည်။ သူမ၏အကိုရင်းမှာအိမ်ရှေ့စံမင်းသားတစ်ဦးဖြစ်ပြီး သူမ၁၁နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သဖြင့် သူမ၏ကလေးဘဝသည်အလွန်ချုပ်ချယ်မှုများခဲ့သည်။  သူမသည်မဟာရတနာမြိုင်စံအိမ်ထဲတွင်သာအေးအေးချမ်းချမ်းနေလေသည်။ တော်ဝင်မျိုးနွယ်ဖြစ်ရသည်မှာအလွန်မွန်းကျပ်လွန်းလှသည်။ သူမသည်အသက်၂၁နှစ်သာရှိသေးသော်လည်း ငယ်စဥ်ထဲမှအရွယ်နှင့်မလိုက်သည့်ဖိအားပေးမှုများရှိခဲ့သည်။ သူမ၏အမည်မှာ မြယွန်းသီရိဒေဝီ ။

"ကျမ.. အခုသွားရတော့မှာလား"

"ဟုတ်ကဲ့သခင်မလေး.."

သူမသည်ဘုန်းကြီး‌ေကျာင်းသွားမည့်အတွက်မြန်မာယဉ်ဖုံးရိုးရိုးလေးသာဝတ်ဆင်ထားပြီး ဆံနွယ်များအားထုံးဖွဲ့ထားကာ‌ေရှ့ဆံမြိတ်အားချထားလေသည်မှာ မြင်သူတိုင်း‌အေးချမ်းရလေသည်။ အပြင်ထွက်လျှင်လက်ဝတ်ရတနာများမှာမဝတ်ချင်သော်လည်းမပါမဖြစ်အနည်းငယ်ဝတ်သည်။ မိတ်ကပ်ပါးပါးကြည်ကြည်လေးလိမ်းထားသဖြင့်ပြီးပြည့်စုံကာလှနေသည့်မြယွန်း။
ဘုန်းကြီးကျောင်းရောက်လေသော်

"သခင်မလေးရောက်ပါပီဗျ"

သူမသည်ကားပေါ်မှဆင်းကာဘုန်းကြီးကျောင်းပေါ်သို့တတ်သွားလေသည်။ ခနအကြာသူမပြန်ဆင်းလာသောအခါ ရှေးခေတ်မြန်မာဝတ်စုံအားဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦး။ သူမသည်ရှေးခေတ်ပုံစံဝတ်ဆင်ထားသဖြင့်အတွင်းသားများအားမြင်နေရလေသည်။ သူမသည်တင်‌ေကျာ်ရှိသည့်ဆံနွယ်များအားချထားကာ လက်ဝတ်ရတနာများဝတ်ဆင်ထား‌သည်မှာမြင်သူတိုင်းသဘောကျချင်စရာ။ သူမမှာမြို့စား၏တဦးတည်းသောသမီးဖြစ်သည်။ သူမသည်တရုတ်စကားပန်းပင်အောက်တွင်ထိုင်ကာစာအုပ်ဖတ်နေသည်မှာ မကြည့်ရမနေနိုင်အောင်လှပသည်။

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now