p-8

288 18 0
                                    

"မင်းမမလေးကိုသွားခေါ်စမ်းကွယ်"

"ဟုတ်ကဲ့ပါရှင့်"

"မမလေး...ဘဘကြီးခေါ်ခိုင်းလို့ပါရှင့်"

"လာပြီလာပြီ"

"ဖေဖေ့သမီလေးလာပြီလား ဒီမှာကြည့်အုန်း မဟာရတနာမြိုင်စံအိမ်ကနေသမီးကို သခင်မလေးရဲ့အနားမှာ‌ေနပြီး အနီးကပ်စောင့်ရှောက်ရဖို့အခေါ်လွှတ်ခံရတဲ့စာရောက်နေတယ်"

"ဟင်..လင်းကိုလား"

"ဟုတ်တယ်ဗျာ့ သမီးကမဟာရတနာမြိုင်စံအိမ်ကိုသွားရမှာ ဝမ်းသာစရာပဲ ဟိုနေ့ကပွဲမှာသမီးကိုသခင်မလေးကမြင်သွားပုံပဲ"

"အော်..."

မြ တို့ကိုမင်းအနားမှာခေါ်ထားချင်လို့လား။ မြကိုယ်တိုင်ရွေးချယ်ခဲ့တာလား။ တို့မင်းနဲ့တစ်အိမ်ထဲရှိနေသင့်ရဲ့လား။ တစ်အိမ်ထဲနေရတော့မှန်းသိရလို့ပျော်မိပေမဲ့ တခြားသူတွေရိပ်မိသွားရင်ဘယ်လိုလုပ်မလဲ။

~~~
"သခင်မလေး...နီပါ"

"ဝင်ခဲ့ပါ"

စာဖတ်ခန်းထဲတွင်မြယွန်းစာအုပ်ဖတ်နေရင်းမှခနရပ်ကာနီအားကြည့်ပြီးနီပြောမည့်စကားအားနားထောင်နေမိသည်။

"သခင်မလေးမှာထားတဲ့အတိုင်း သခင်မလေးအခန်းဘေးကအခန်းကိုရှင်းထားပြီးပါပြီရှင့် "

"အော်..ဟုတ်ပြီ တီလင်းလာရင်အဲ့အခန်းမှာပေးနေလိုက်ပါ ပြီးတော့ကျန်တဲ့သူတွေကို‌ပြောထားပါတီလင်းနဲ့အဆင်ပြေအောင်နေဖို့"

"ဟုတ်ကဲ့ပါသခင်မလေး"

"အော် နေအုံး တီလင်းအတွက်ကားလွှတ်ပေးလိုက်တော့"

"သခင်မလေး အဲ့တာကတော့မဖြစ်နိုင်ဘူးထင်ပါတယ် မြို့ထဲကသူ‌ေတွသိသွားရင်မကောင်းဘူးလေ"

"ဘာလို့မကောင်းရမှာလဲ တီလင်းရဲ့မျိုးရိုးကိုသူတို့လဲသိနေတာပဲ သွားပါမြန်မြန်"

"ဟုတ်ကဲ့သခင်မလေး"

~~~

"ဖေဖေ့သမီးလေးကအရမ်းလှတာပဲကွယ်"

"ဖေဖေကလဲ"

လင်းဒီနေ့မြစိမ်းရောင်မြန်ဝမ်းဆက်လေးဝတ်စားထားကာ ဆံနွယ်များအားတစ်ဝက်သာစည်းထားသည်။ ဘယ်‌ေလာက်တောင်တည်ငြိမ်ပြီးလှရက်လိုက်သလဲ။ ဒီအမျိုးသမီးဟာဘယ်လိုနေနေကိုလှရက်နိုင်လွန်းနေတာပဲ။

မဟာရတနာမြိုင်စံအိမ်Where stories live. Discover now