👑👑14 Uni👑👑

2.6K 34 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑14👑

ကြီးမေကပဲပန်းကန်တွေဆေးနေရပြီး
ဘုံ ဘာမှထိခွင့်မရ....
အစ်ကိုလေးက တံခါးဘောင်ကိုမှီရပ်ကာ
ကြည့်နေတာမို့ ကုတ်ကုတ်လေးသာ
ကြည့်နေရတဲ့ဘဝက ဘယ်လောက်တောင်
အားနာစရာကောင်းမှန်းအစ်ကို‌လေး
သိမှာမဟုတ်.....။

“ကယ် သမီးနားတော့လေ....ကြီးမေပြီးပြီ
ခဏနေ လာအိပ်တော့မှာ.....”

“ဟုတ်ကဲ့....ကြီးမေမြန်မြန်လာနော်...
ဟိုဟာမဖြစ်ရင် တစ်ချို့ဟာတွေထားလိုက်
ဘုံ မနက်ကျမှဆေးပေးမယ်......"

“ရပါတယ် ပြီးပဲပြီးပြီ.....”

ဘုံ ထပ်ဆင့်အားနာသွားရရင်းမှ
အပြင်က်ုလျှောက်လာတော့ အစ်ကိုလေးကပါ
ကပ်လျက်ပါလာလေသည်။
ဘုံ့ လည်ပင်းကိုလှမ်းဖက်ရင်းမှ
ဦးခေါင်းလေးကိုသူ့ရင်ခွင်ထဲထည့်ကာဖြင့်

“ကိုယ့်နဲ့အတူလာအိပ်ပါလား??....”

“ဟင်!!!.....”

ဘုံ အာမေဍိတ်သံလေးထွက်သွားရတော့
အစ်လိုလေးက ဟက်ခနဲရီရင်းမှ
ဘုံ့ခေါင်းလေးကိုပွတ်ကာ

“ဒီတိုင်းရိုးရိုးသားသားပြောဝာာပါ
တစ်ခြားစိတ်တွေမပါဘူး.....”

“ဟို ဒါပေမဲ့ တစ်ခန်းထဲအတူအိပ်ဖို့ကျ.....”

“အင်းပါ မင်းအဆင်သင့်မဖြစ်သေးလဲ
ပြသနာတော့မရှိပါဘူး....ကိုယ်စောင့်မှာပေါ့.....”

ပြောပြီးပေါ့ပေါ့ပါးပါး အပေါ်တက်သွားတဲ့
အစ်ကိုလေးကိုကြည်ရင်း ဘုံရှက်ရိပ်လေး
ဖြတ်ပြေးသွားရသည်။
ဘယ်အချိန်မင်္ဂလာဆောင်မလဲမသိပေမဲ့
လက်ထပ်ပြီးတဲ့အချိန် ဘုံတို့က တူတူ
နေရမှာလား???

အို!!!

မျက်နှာလေးချက်ချင်းနွေးလာရင်း
ဘုံ ရှက်ကိုးရှက်ကန်းနဲ့အခန်းထဲပြေးဝင်လိုက်၏။
ဘုံ စိတ်တွေလှုပ်ရှားသလို တစ်ဆက်တည်း
တွေတွေလေးလဲဖြစ်သွားရပြန်သည်။
ဘုံကသူ့အကြောင်းကိုဒီထက်နည်းနည်း
ပိုသိချင်သေးတာ!!!!

........

မနက်နိုးလာတော့ ဘုံ အပြင်ထွက်လာခဲ့ရင်း
ညကသူပြောထားတာကိုသတိရမိ၏။
ဘုံကကိုယ့်ကိုကိုယ်မြှင့်တင်ရမယ်တဲ့!!!

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now