👑👑15 Uni👑👑

2.7K 35 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑15👑

ဆိုင်ရောက်တာနဲ့တစ်ပြိုင်နက် မင်းသူ
ဝန်ထမ်းတွေကိုကိုယ်စီကိုယ်စီအလုပ်ခိုင်းရင်း
ပတ္တမြားနီထည့်ထားသော ဖန်ရှိုးကေ့စ်နားကို
လျှောက်လာကာ တလက်လက်တောက်နေသော
ပတ္တမြားရဲ့အရည်အသွေးကိုခံစားမိ၏။

ဒါကိုသာပြန်ရောင်းလိုက်ရင်တော့
သူ့တစ်သက်လုံးအတွက် လုံးဝဇိမ်ပဲ.....။
ဒါပေမဲ့ ခက်တာကနန်း.....

ကောင်တာမှာထိုင်နေပေမဲ့သူ့ကိုလှမ်းကြည့်တာမို့
မလုံမလဲလည်ပင်းပွတ်လိုက် ဆွဲကြိုးကိုကြည့်လိုက်နှင့်ဗျာများနေရသည်။
ပြီးတာနဲ့ ဟိုဘက်လှည့်သွားတဲ့သူမကြောင့်
မင်းသူ ထိုဘူးကိုထုတ်ကာရှိုးကေ့စ်ပေါ်
တင်ထားရုံရှိသေး.....ဆိုင်ထဲကိုဝယ်သူရောက်လာတာမို့ သူမြန်မြန်ထွက်လာလိုက်၏။

“ဘာလိုချင်လို့ပါလဲ.....”

“ဟို ကျွန်တော်ပတ္တမြားနဲ့ပတ်သတ်တဲ့
ပစ္စည်းလေးလိုချင်လို့ပါ....တစ်ချက်လောက်
ပြပေးလို့ရမလား.....”

“ဟို ရပါတယ် ဒီဘက်ကိုကြွပါနော်.....”

မင်းသူ ပတ္တမြားဘူးရဲ့အဖုံးကိုပိတ်ရန်
မေ့နေတဲ့အခါ ရန်နိုင်တစ်ယောက်
ဘုရင်ပြောသောအရာကိုအလျင်အမြန်ပဲ
တွေ့သွားရ၏။

“အော် မရှာနေနဲ့တော့အစ်ကို
ကျွန်တော်ဒါသဘောကျတယ်.....”

ရန်နိုင်ကအေးဆေးပြောသလောက်
မျက်နှာပျက်သွားတဲ့မင်းသူက
ထိုနားအပြေးသွားကာ ကတ္တီပါဘူးကိုလက်နဲ့ကာ၍
အော်လိုက်တာမို့ရန်နိုင် လန့်မိ၏။

“ဟင် မဖြစ်ဘူး.....”

ပြာပြာသလဲငြင်းရင်း ကတီပါဘူးကို
အဖုံးပိတ်ရန်ပြင်နေတာမို့ ရန်နိုင်
ကြောင်သွားရင်းမှ ဘာဖြစ်တာလဲ
စဉ်းစားမရဖြစ်ရသည်။။

“ဘာလို့လဲ လာဝယ်တဲ့သူကအကြိုက်တွေ့တာကို
ဘယ်လိုမဖြစ်တာလဲ.....”

မင်းသူ ဘယ်လိုဖြေရမှန်းမသိ!!!
ဒီပစ္စည်းကသူမှာထားတာထက်
တစ်ပတ်နောက်ကျပြီးမှရောက်တာကြောင့်
ဒီလိုအလျိုလျိုတွေဖြစ်ကုန်ရတာ...။
မဟုတ်ရင် သူ့အတွက်အေးဆေးဖန်ပြီး
Replace လုပ်ပြီးလောက်ပြီမို့
အခုတော့အကုန်သောက်ကျိုးနည်းကုန်ပြီ!!!?

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now