👑👑16 Zg👑👑

803 4 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑16👑

သူမကိုလည်ဆွဲပေးပြီးတဲ့ည ဘုရင်အခန်းထဲ
ပြန်ရောက်လာတဲ့အချိန် မနက်တုန်းက
သူမပြောသောစကားများကိုအကောင်အထည်ဖော်ကြည့်တဲ့အခါ နားထဲခပ်ရေးရေးပေါ်လာသော
သူမရဲ့အပြောတစ်ချို့....

“ပိုက်ဆံလိုလို့လာလုပ်တာဆိုရင်ဘာအတွက်
ပိုက်ဆံလိုတာဖြစ်မလဲ......”

ဘုံ့ကိုဒီအိမ်ခေါ်လာပေးတာဟာဒေါ်မေမို့
ဘုရင် အောက်ကိုခပ်သွက်သွက်ပင်ဆင်းလာရင်း
အခန်းတံခါးခေါက်ရန်တွေးမိပြီးကာမှ
သူမပါအိပ်နေမှာတွေးမိသဖြင့် မခေါက်ပဲခပ်ဟဟဖွင့်လိုက်တော့ ဒေါ်မေကတံခါးကိုမျက်နှာလှည့်ကာ
ထိုင်နေတုန်းမို့ ဘုရင်မသိမသာအချက်ပြရင်း
ထွက်လာရန်ခေါ်တော့ ဒေါ်မေကထွက်လာလေ၏။

“ဘုရင် သား ဘာခိုင်းချင်လို့လဲ.....”

“ကျွန်တော်မေးစရာရှိလို့....."

ပြောရင်းဘုရင်မီးဖိုခန်းဆီခြေလှမ်းရွေ့တော့
ဒေါ်မေကလိုက်လာလေသည်။
ဘုရင်ဒေါ်မေ့အတွက်ခုံထုတ်ပေးရင်း
သူလဲဝင်ထိုင်ကာ ဘယ်ကစပြောရမှန်းစဉ်းစားမိ၏။

“ဟို ကျွန်တော်မေးချင်တာက....."

“ဘုံလေးအကြောင်းလား.....”

သူမပြောနိုင်ပဲ အစဉ်မချောတော့
ဒေါ်မေရဲ့အမေးကြောင့် မျက်နှာပူပူနဲ့သာ
ချော်လဲရောထိုင်ခေါင်းညိမ့်လိုက်လေသည်။
ထိုအခါ ဒေါ်မေကသိနှင့်ပြီးသားမျက်နှာမျိုးနှင့်
သူ့ကိုအဓိပ္ပါယ်ပါပါပြုံးကြည့်ကာ

“သိပါတယ် သားနဲ့ဘုံတို့ဘယ်အဆင့်ထိ
ရည်ရွယ်နေလဲဆိုတာ.....”

“အဟက်.....”

မသိဘူးအထင်နဲ့တစ်ချိန်လုံးပုံးလျိုးကွယ်လျိုး
ဟန်ဆောင်ခဲ့မိတာမို့ ဘုရင်အရှက်ပြေရယ်လိုက်မိ၏။

ဒေါ်မေက လက်နှစ်ဖက်ကိုအပေါ်တင်ရင်းမှ
သူ့ဘက်သေချာလှည့်ကာ

“သားမေးချင်တဲ့အဓိကအကြောင်းရင်းကို
ဘာမှအားမနာပဲမေးနော်
ဘုံ့အကြောင်းဆိုရင် တူတူမနေခဲ့ပေမဲ့
ဒီကလေးရဲ့စရိုက်ကိုသိနေတာမို့ တိကျတဲ့အဖြေ
ရမယ်ဆိုတာ ‌ဒေါ်မေအာမခံပါတယ်......”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now