👑👑17 Uni👑👑

2.5K 36 0
                                    

👑ဘုရင့်မူပိုင်👑

          Segment👑17👑

ကြီးမားကျယ်ပြန့်တဲ့နန်းတော်လိုအိမ်ကြီးကို
ခေါ်လာကာ သူမကိုကိုယ်ပိုင်အိမ်လိုလွတ်လပ်စွာ
တည်းခိုစေ၏။
ညကကောင်းကောင်းအိပ်ပျော်သလို
သမီးဖြစ်သူကိုတွေ့ရတော့မှာမို့ သူမ
ပီတိဖြစ်ရလေသည်။
ပြောတာတော့ မနက် ၇နာရီလောက်ခေါ်လာမယ်ဆိုပဲ

နာရီကြည့်တော့ ၇နာရီထိုးပြီးဆယ်မိနစ်မို့
ဒေါ်ပန်းမြိုင်အချိန်ကိုအမြန်ကုန်စေချင်၏။
သမီးတို့မြန်မြန်လာပါစေတော့!!

“မေမေ ဘုံ့မေမေ လွမ်းနေခဲ့ရတာ....”

တွေးနေတုန်းကြားလိုက်ရတဲ့
အသံလှိုင်းလေးကမြင့်တက်လာတာကြောင့်
သူမမှင်သေစွာကြည့်နေမိတုန်း
ပြေးဖက်တဲ့ကိုယ်လုံးလေးကိုပြန်လည်နှောင်တွယ်ကာ ဖက်ထားမိသည်။
လွမ်းလိုက်ရတဲ့ကိုယ်လုံးလေးရယ်
ကြင်နာတဲ့ရင်ခွင်ကျယ်ကြီးထဲမှာ
နွေးထွေးနေလိုက်တာ!!!

သူမဝမ်းသာလွန်းတာမို့ မျက်ရည်တွေ
စီးကျလာပြန်ရင်း ဘုံ့ကိုသာတင်းတင်းလေး
ပွေ့ဖက်ထားမိ၏။

ဘုရင်ကအလိုက်တသိနဲ့အပြင်ကို
ထွက်သွားပေးသည်။
ဘုံ ခေါ်လာပေးတဲ့သူ့ကိုလဲအရမ်းနဲ့
ကျေးဇူးတင်တာမို့ နောက်လှည့်တော့မရှိတော့ပေ..။

“မေမေ ခဏလေးနော်...."

ပြောရင်းဘုံ အပြင်ကိုထွက်လာခဲ့တော့
သူ့ကိုမတွေ့ရ!!
ဘယ်မှာရှိမလဲတွေးမိရင်း အရှေ့မှာရှိတဲ့
အခန်းလေးတစ်ခုထဲကိုဝင်လာတဲ့အခါ
ကုတင်ပေါ်မှာထိုင်နေတဲ့သူ့ကိုမြင်လိုက်ရ၏။
ဘေးတိုက်မြင်နေရတဲ့ မေးရိုးကားကားကို
ငေးကြည့်မိတော့ ပီကေဝါးလိုက်တိုင်း
ထင်းခနဲ ထင်းခနဲ!!!

ဘုံ အနားလျှောက်သွားကာသူ့ဘေးဝင်ထိုင်တော့
လှည့်ကြည့်လာလေသည်။
ဝမ်းသာလွန်းတာကြောင့်ဘာမှမပြောနိုင်ခင်
ဘုံ သူ့ကိုယ်လုံးကိုဖက်တွယ်ကာ
ရင်ခွင်မှာမျက်နှာအပ်ထားလိုက်လေ၏။

“ကိုကို့ကို အရမ်း‌ကျေးဇူးတင်တယ်....”

ဘုရင် ရင်ထဲတစ်ချက်စောင့်ခုန်သွားရင်း
သူမခေါင်းလေးကိုဖွဖွပွတ်ပေးလိုက်တော့
သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းလေးတွေက
ရွှန်းလဲ့လဲ့....။
ပုံမှန်မဟုတ်မှန်းသိပေမဲ့လဲ သူမျက်တောင်
တစ်ချက်‌ခတ်လိုက်တဲ့အချိန် မျက်ရည်တွေ
ဒလဟောစီးကျလာတဲ့သူမကြောင့်
ပြာယာခတ်သွားရပြန်သည်။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now