👑👑19 Uni👑👑

2.6K 34 0
                                    

👑ဘုရင့်မူပိုင်👑

              Segment 👑19👑

“ငမိုက်သား.....ဒီအိမ်အရိပ်မနင်းနဲ့ပြောထားတာ
အရှက်မရှိဘူးလား"

ပါးပြင်ဟာစပ်ဖျင်းဖျင်းဖြစ်သွားသလို
သူ့‌ရေဆူမှတ်က ဒီဂရီနည်းနည်း
မြင့်တက်လာသည်။
ရှေ့မှာရှိတဲ့ဒေါ်နန်းမဟာကတော့
မျက်နှာထားတင်းမာရင်းမှ
သူ့ကိုရန်သူတစ်ယောက်လိုကြည့်နေ၏။

သို့ပေမဲ့လက်ကိုလာဆုပ်ကိုင်တဲ့
နွေးထွေးသောသူမကြောင့် ဘုရင်ငဲ့ကြည့်တဲ့အခါ
မျက်ဝန်းလေးတွေနဲ့ တားဆီနေသည်။

ဆုပ်လိုက်မိတဲ့လက်သီးဆုပ်တို့က
ချက်ချင်းပြေသွားရင်းမှ ဘုရင်လေပူတွေ
မသိမသာမှုတ်ထုတ်ကာဖြင့်

“ကျေနပ်တယ်မလား အဲ့တာဆိုလဲ
ခုံမှာထိုင်ပေးအုံး....ကျွန်တော်တို့ရဲ့
တာဝန်ကိုလုပ်ရအောင်လို့.....”

“အဟွန်း အခုမှသားလိမ္မာလာလုပ်မနေနဲ့...."

“ကျစ် မာမီအရမ်းစကားများတာပဲ.....”

ပြောရင်းမှလက်ကောက်ဝတ်ကိုဆွဲကာ
ပုခုံးကနေဖိချရင်းခုံမှာထိုင်စေတော့
ဒေါ်နန်းမဟာမျက်နှာထားတင်းမာရင်းမှ
လက်ကိုကျစ်နေအောင်ပိုက်ထားလေ၏။

ဘုရင်နဲ့ဘုံ အချက်ပြရင်းသူမရှေ့မှာထိုင်ကာ
ဦးချလိုက်တော့ သုံးကြိမ်မပြည့်ခင်ထထွက်သွားသည်။ဘုရင်ကတော့ ဘာမှမခံစားရပေမဲ့
သူမမျက်ဝန်းမှာမျက်ရည်လေးတွေ
ဝဲတက်လာတာသူမြင်လိုက်မိသည်။

လက်လေးကိုတင်းနေအောင်ဆုပ်ကိုင်ရင်း
ဘုရင်ဆွဲထူကာ အပေါ်ကိုတက်လာခဲ့၏။
သူ့ပစ္စည်းမှန်သမျှ အကုန်သိမ်းဆည်းရန်
တွေးထားပေမဲ့ များပြားလွန်းတာမို့
ရှိရှိသမျှ အဝတ်အိတ်တွေထဲအကုန်လုံး
ထည့်သိမ်းလိုက်လေသည်။

“အစ်ကိုလေး ဟိုဟာ ဘုံလိုအပ်တဲ့ဟာလေးတွေ
တစ်ထုပ်လောက်ထည့်အုံးမယ်လေ....."

ရှိသမျှအကုန်စုပေါင်းထည့်ရင်း သူ့အိတ်ချည်း
၈အိတ်ဖြစ်သွား၏။
အဝတ်တွေအပြင် အသုံးအဆောင်များများ
ထည့်ပြီးပြီမို့ ထပ်ယူရန် ၂၀%သာကျန်ရှိသည်။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now