အပိုင်း (၁)

315 10 0
                                    

အချစ်ကို ဘယ်အချိန်မှာစပြီးထိတွေ့ခဲ့ကြပါသလဲ ...
လင်းရောင်ဖြာဆိုတဲ့ သူ့အတွက်ကတော့ အသက် ၁၇နှစ်မှာ ထိုလူသားကိုမြင်လိုက်ရကတည်းက အရင်က ဗလာနတ္ထိဖြစ်နေခဲ့တဲ့ရင်ခုန်သံတွေဟာ ငလျင်လှိုင်းသဖွယ် လှုပ်ခတ်တုန်ယင်လာပြီး မြင်မြင်ချင်းမှာပဲ ချစ်မိခဲ့ပါ၏။

အချစ်ဦးမို့ ရူးမိအောင်ချစ်ခဲ့ရသူ၊ သူ့နှလုံးသားရဲ့ သည်းဦးရှင်ကို ဘယ်အချိန်ကတည်းက စတွေ့ခဲ့ပါသလဲလို့ မေးလာခဲ့ရင် မေမေ့သူငယ်ချင်းသားနေတဲ့ မြို့ကြီးဆီကို ကိစ္စတစ်ခုနဲ့လာရင်း သူ၏နှလုံးသားသည်လည်း ပိုင်ဆိုင်သူအရှင်သခင်ဆီ ကျန်ရစ်နေခဲ့သည်ဟုပင် အဖြေပေးရပေလိမ့်မည်။

🍂🍂🍂🍂🍂

လင်းရောင်ဖြာတစ်ယောက် မြို့ကြီးဆီသို့ တစ်ယောက်ထဲ ယောင်လည်လည်နဲ့ ရောက်ရှိလာခဲ့သည်။

မိခင်ဖြစ်သူက သူမရဲ့သူငယ်ချင်းဆီ ဖုန်းဆက်အကူအညီတောင်းထားတာမို့ သားဖြစ်သူက လာကြိုလိမ့်မည်ဆိုပြီး ပြောထားပေမဲ့ ရောင်ဖြာအားနာရသည်။ သူဟာ သူ့အတွက်ကြောင့်နဲ့ တစ်ပါးသူနှောင့်နှေးသွားမှာကို မလိုလားသူမဟုတ်ပါလား။

ဒါပေမဲ့လည်း စွဲညှို့သူဆိုတဲ့ မေမေ့သူငယ်ချင်းရဲ့သားက သူ့ကိုလာကြိုပေးတာမို့ ကျေးဇူးတင်ရသည်ပင်။ မြို့ထဲကိုပါ အနှံ့လိုက်ပို့ပေးမည်ဟု ပြောတာမို့ ရောင်ဖြာ ဝမ်းသာသွားသည်။

သူ့ကိုတွေ့တော့ စွဲညှို့က လက်လှမ်းပြတာမို့ စွဲညှို့တို့ရှိရာ အမြန်လျှောက်သွားလိုက်သည်။

" စောင့်လိုက်ရသေးလား "

စွဲညှို့ကမေးလာသည်။ သူတို့နှစ်ယောက်ဟာ ဘေဘီဖန်များဖြစ်ကြောင်း သိသွားကြကတည်းက တစ်ဦးနဲ့တစ်ဦး ပိုပြီးပေါင်းဖြစ်လာကြတာဖြစ်သည်။

" မစောင့်လိုက်ရပါဘူး "

" ဒီမှာဘယ်နှရက်ကြာမှာလဲ။ ငါ အစီအစဉ်တွေဆွဲမလို့ တီမေတို့ပြောတာတော့ သိပ်မကြာဘူးဆို "

စွဲညှို့က သူ့ Luggage ကိုကူဆွဲပေးမယ်ပြုရင်းမေးလာ၏။ ရောင်ဖြာက အားနာစွာ သူပဲပြန်ဆွဲလိုက်ရင်း

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now