အပိုင်း (၁၃)

105 4 0
                                    

သူတို့နှစ်ဦးရဲ့ အတွင်းကျကျဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးတဲ့အချိန်ကစလို့ ရောင်ဖြာက နတ္ထိအပေါ် ပို၍တွယ်ကပ်လာသည်။ နတ္ထိကတော့ အရင်အတိုင်းရှိနေဆဲသာ ...

နတ္ထိရဲ့တိုက်ခန်းလေးဟာလည်း မပြောင်းလဲစွာ ရောင်ဖြာ့ရဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတုန်းပင်။ ဒါ့အပြင် နတ္ထိနဲ့ နေစိမ့်သူတို့ကလည်း မပြောင်းမလဲ ဆက်လက်တွေ့ဆုံကြတုန်း ...

ရောင်ဖြာ သူတို့နှစ်ယောက် အတူနေပြီးသွားတဲ့အချိန်ကစပြီး နတ္ထိအပေါ် အရင်ကထက် ပိုပြီးမှီခိုချင်လာသည်။ တစ်ဖက်လူ သူ့ကိုထားသွားမှာကို ပိုပြီးကြောက်တတ်လာသည်။

အတိုင်းထက်အလွန် များပြားလှတဲ့ စိုးရိမ်စိတ်တွေက သူနဲ့နတ္ထိတို့ရဲ့ဆက်ဆံရေးကို မိဘတွေထံ ဖွင့်ပြောမိသည်အထိ။ နတ္ထိကိုလည်း သူ့မိဘတွေနဲ့ တွေ့ဆုံစေချင်သည်။ ဒါမှသာ နောင်တစ်ချိန် န‌တ္ထိတစ်ယောက် စိတ်ပြောင်းပြီး သူ့ကိုထားသွားချင်အုံး၊ သူ့မိဘတွေရဲ့မျက်နှာကို ထောက်ထားပြီး လမ်းခွဲဖို့ တွန့်ဆုတ်နေလောက်သည်လေ ...

" မောင် ... ကျွန်တော်လေ ကျွန်တော်တို့အကြောင်း မေမေတို့ကိုဖွင့်ပြောလိုက်ပြီ။ သူတို့က မောင်နဲ့တွေ့ချင်နေတယ်တဲ့ လိုက်မယ်မလားဟင် "

ရုတ်ချည်းနိုင်လွန်းတဲ့အခြေအနေကြောင့် နတ္ထိ မျက်မှောင်ကြုတ်လိုက်သည်။ လင်းရောင်ဖြာတစ်ယောက် တမင် မိဘတွေကိုအသိပေးမှန်း သူရိပ်မိပါ၏။

" ကျစ် မင်းငါ့ကိုအရင်ကြိုတိုင်ပင်လို့မရဘူးလား။ ဘာလို့မင်းစိတ်ကြိုက်လုပ်ခဲ့တာလဲ။ မင်းနဲ့ငါပြတ်သွားခဲ့ရင် မင်းအမေတို့ကို အားနာဖို့ကောင်းနေပြီလေ။ ပြီးတော့ ငါ အရင်ကတည်းက မင်းကိုပြောခဲ့ပြီးသား။ ငါတို့နှစ်ယောက် Silent တွဲကြမယ်ဆိုတာ။ မင်းပဲသဘောတူခဲ့တာမဟုတ်ဘူးလား "

သူထင်ထားတဲ့အတိုင်း မောင်ဟာ သူ့မိဘတွေနဲ့လိုက်တွေ့ဖို့ သဘောမတူခဲ့။ မောင်ပြောသလို တကယ်လည်း သူ သူတို့နှစ်ယောက်တွဲတာကို ဘယ်သူ့ကိုမှမပြောပြဖို့ သဘောတူခဲ့မိသည်။ ဒါပေမဲ့လည်း မောင့်ကိုပိုင်ဆိုင်ချင်စိတ်တွေ များပြားလာတဲ့အခါ ပွင့်ပွင့်လင်းလင်းချပြချင်လာသည်။ မောင့်ကို single ထင်ပြီး လာဖွင့်ပြောတဲ့သူတွေကိုလည်း လက်လျှော့စေချင်သည်။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now