အပိုင်း (၂၄)

65 4 0
                                    

" မောင်လေး ... ဟိုမှာနင့်လူ "

ရောင်ဖြာတို့ ကျောင်းကန်တင်းမှာမစားချင်တာကြောင့် ကျောင်းအပြင်ဘက်ရှိ Food Yard ကိုထွက်လာတုန်း သူငယ်ချင်းဖြစ်သူ ဆုနိုက လက်တို့ကာပြောလာတာဖြစ်သည်။

သူငယ်ချင်းမလေးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ နတ္ထိက Lamborghini Reventon အနက်ရောင်ပေါ်ကနေ ဆင်းလာတာကိုတွေ့ရသည်။ သူကြည့်လိုက်တော့ နတ္ထိက ပြုံးပြလာ၏။

" ချောလိုက်တာဟယ်။ အဲ့ဒါ ငါ့ကိုပြုံးပြနေတာပဲဖြစ်ရမယ် "

" ဟဲ့ ဗရုတ်သုတ်ခ ... အဲ့ဒါ ငါ့ကိုပြုံးပြနေတာပါနော်။ သူ့အကြည့်တွေရဲ့လားရာက ငါနဲ့တည့်တည့်ပဲ တွေ့လား "

သူတို့ဘေးနားက အသံထွက်လာတော့ ရောင်ဖြာ ဘေးကိုကြည့်မိသည်။ အသံပိုင်ရှင်က ကျောင်းရဲ့ ကွင်းစကွက်က မိန်းကလေးတွေပဲဖြစ်ပါ၏။

ကွင်းဆိုလို့ King Queen တွေလို့မထင်ပါနဲ့။ အဆင်မှန်သမျှ မျက်လုံးမီးတောက်တွေနဲ့ကြည့်ပြီး ပါးစပ်ကြီးနားရွက်ချိတ်မတတ် ပြုံးဖြီးနေတတ်တဲ့အပြင် စွာလည်းစွာ အသံလည်းအောင်တာမို့ သူတို့ကိုဆို ရှောင်ကွင်းသွားကြရင်း ထိုသို့နာမည်တွင်လာခြင်း ...

🎶 ဗာစတီက ... ဖိုင်နယ်က ... တစ်ခုတော့ဖြစ်မယ်
ဆံပင်ရှည်လေးနဲ့ ဂျင်းဝတ်လည်း
လမ်းသရဲမဖြစ်နိုင် ...
သူ့အရပ်နဲ့ သူ့စတိုင်က မိတယ်မိုက်တယ်
ဒီလိုဆို အပြတ်အခိုက်ကြိုက်လိုက်မလား
အေး ... ငါတော့ကြိုက်တယ်ဟေး ... 🎶

သီချင်းဖျက်ဆိုနေတဲ့ ကွင်းစကွက်ရဲ့အသံကိုကြားတော့ ရောင်ဖြာ မျက်လုံးလှန်လိုက်မိသည်။ စိတ်ထဲကနေလည်း

~ ဗာစတီကလည်းမဟုတ် ဖိုင်နယ်ကလည်းမဟုတ် လမ်းသရဲလည်းမဟုတ် ဘွဲ့ရပြီး လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်ပြုနေတဲ့ အမျိုးကောင်းသား၊ ငါ့ရဲ့ အနာဂတ်အမျိုးသားကောင်းပါနော် ... ဟုတ်ပြီလား ~

ရောင်ဖြာ ခပ်ချဉ်ချဉ်တွေးလိုက်ပြီးမှ သူတို့နှစ်ယောက်ဟာ လမ်းခွဲထားကြမှန်း သတိပြန်ရလေသည်။ သူက နတ္ထိကို စိတ်နာနေတာလေ ... ဘာတွေလျှောက်တွေးနေရတာတုန်း !!!

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now