အပိုင်း (၄)

72 5 0
                                    

သူတို့တွေ စတွဲကြကတည်းက ရောင်ဖြာက ပြောသမျှနာခံကာ ဘာကိုမှအတွန့်တက်ခြင်းမရှိတာမို့ နတ္ထိကျေနပ်နေမိသည်။ တစ်ခုပဲ ထိုကောင်လေးဟာ DIY တွေအရမ်းသဘောကျတာမို့ ကလေးဆန်တဲ့ Handmade တွေကို သူ့အတွက်လုပ်ပေးနေတာပင်။

သူတို့စတွဲပြီး တစ်ပတ်ပြည့်တဲ့နေ့ကတည်းက စာအုပ်လေးတစ်အုပ်လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ထိုစာအုပ်ကိုဖွင့်လိုက်ရင် သူတို့နှစ်ယောက်ရဲ့နာမည်တွေက အပေါ်ကိုကြွကာပေါ်လာ၏။ ဘေးမှာလည်း ကလေးဆန်ဆန် အသည်းပုံတွေဆွဲထားသေးသည်။

နတ္ထိ ငြင်းလို့မကောင်းတာမို့ ယူထားလိုက်ရသည်။ သူလက်ခံတာလည်းမြင်ရော ထိုကောင်လေးရဲ့ မျက်ဝန်းတို့က ပျော်ရွှင်မှုကြောင့် အရောင်လက်နေလျက် ...

နှစ်ယောက်စတင်တွဲကြပါပြီဆိုကတည်းက နှစ်ဖက်သူငယ်ချင်းတွေကို ဘယ်သူကမှ အသိပေးမထားကြပေ။

'ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ' ဆိုသလို ရောင်ဖြာတစ်ယောက် သင်တန်းတွေကိုအကြောင်းပြကာ ကျောင်းပိတ်ရက်ဆို သူတို့မြို့နဲ့ နတ္ထိရှိရာဆီ အိမ်ဦးနဲ့ကြမ်းပြင်သဖွယ် ကူးသန်းသွားလာနေပါ၏။

📱 မောင် ... ကျွန်တော်ရောက်ပြီနော်

" ငါမအားသေးဘူး။ သွားစရာရှိလို့ "

📱 ဒါဆိုလည်း သူငယ်ချင်းတွေဆီ ခဏနေလိုက်ပါအုံးမယ်ဗျ

ဒီမြို့မှာ ရောင်ဖြာ့သူငယ်ချင်းတွေဆိုလို့ ရှန်မင်းသစ်တို့ သုန်သုန်တို့သာရှိပါ၏။ ဒါကို နတ္ထိလည်း သိထားသည်ပင်။ ရည်းစားစဖြစ်ဖြစ်ချင်း တစ်ပတ် နှစ်ပတ်‌လောက်က မသိသာပါသော်လည်း နှစ်လလောက်နေတော့ ကျောင်းပိတ်ရက်တိုင်း ထိုလူနဲ့အတူရှိနေပေးရတာကို နတ္ထိတစ်ယောက် ငြီးငွေ့လာသည်။

တခါတလေ ရောင်ဖြာက မျှော်လင့်တကြီး ရောက်ရှိလာခဲ့သော်ငြား နတ္ထိဘက်က တွေ့ဖို့အတွက် အကြောင်းပြချက်ပေးကာ ငြင်းဆိုလျှင် ဘာမှအတွန့်တက်မည်မဟုတ်ပဲ နတ္ထိအလိုကျ တခြားနေရာမှာသာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေပေလိမ့်မည်။

သူတို့ဟာ သမီးရည်းစားတွေနဲ့ လားလားမှတူမနေခဲ့။ ဒါဆို ဘာကြောင့်များ နတ္ထိတစ်ယောက် ဒီဆက်ဆံရေးကိုအဆုံးမသတ်ခဲ့ပါသလဲ ...

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now