~ တီ တီ တီ ... ~
~ လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ... ~
" ကျစ် ... "
ရောင်ဖြာ့ဘက်က ဖုန်းမကိုင်တာမို့ နတ္ထိ ခေါင်းကဆံပင်ကိုဖွမိသည်။ ကိုင်သူမဲ့နေသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ခေါ်ဆိုနေမိတာ ...
ရောင်ဖြာက ဒီနေ့နေ့လည်ကတည်းက တိုက်ခန်းကို ထမင်းပြန်မစားတာ။ ညနေကျောင်းဆင်းချိန် သွားကြိုတော့လည်း ကျောင်းမှာရှိမနေ။ ခုဆို ည ၈ နာရီတောင်ရှိနေလေပြီ။ သူ ရောင်ဖြာနဲ့မတွေ့ရတာ ၁၁ နာရီပင်ရှိနေပြီ။
ဖုန်းကို အထပ်ထပ်အခါခါခေါ်နေပါသော်လည်း ဖုန်းမကိုင်တာနဲ့သာတိုးလေ၏။
~ ဂျိမ်း ⚡ ~
မိုးခြိမ်းသံနဲ့အတူ တဝေါဝေါတသောသော ရွာသွန်းလာတဲ့ မိုးနတ်မင်းကြောင့် ရောင်ဖြာ့ကိုပိုပြီးစိတ်ပူမိသည်။
မိုးမိပြီး ဖျားတော့မှာပဲကွာ ...
ညနေကတည်းက ရောင်ဖြာ့ကိုသာ လိုက်လံရှာဖွေနေမိသည်။ ရောင်ဖြာ့မိဘတွေဆီ သွားကြည့်သော်လည်း အိမ်ကိုမလာဟုသာ အဖြေရသည်။ သူငယ်ချင်းတွေဆီ ဆက်သွယ်ရအောင်က ရောင်ဖြာ့သူငယ်ချင်းတွေဖုန်းနံပါတ် သူ့ဆီမှာမရှိပေ။
နိုင်းခန့်နောင်ကိုတော့ ဖုန်းဆက်ပြီးမေးမိသေးသည်။ ရောင်ဖြာများ ရှန်မင်းတို့ဆီရောက်နေသလားဟု။ တဖက်လူကလည်း ရောင်ဖြာသူတို့နဲ့မရှိဆိုပြီးသာ ပြောလာသည်။ ဝတုတ်ကတောင် သူရှိနေပါလျက်နဲ့ ရောင်ဖြာပျောက်သွားရကောင်းလားဆိုပြီး ဖုန်းထဲကနေ သူ့ကိုရန်တွေ့နေသေး၏။
ချစ်ရသူနဲ့ အဆက်အသွယ်မရတာမို့ ညစာပင်စားချင်စိတ်မရှိ။ အရာရာဟာ အရောင်အသွေးမစုံ ခြောက်ကပ်နေသယောင် ...
တိတ်ဆိတ်နေတဲ့တိုက်ခန်းက နတ္ထိအတွက် အရင် ရောင်ဖြာထွက်သွားတုန်းကအချိန်တွေကို ပြန်လည်ရောက်ရှိသွားသလိုပင်။ သည်းထန်စွာရွာသွန်းနေတဲ့ မိုးသံတွေကြား သူသည်လည်း ရောင်ဖြာထွက်သွားတာလားဆိုပြီး ခြောက်ခြားနေမိသည်။
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Teen Fiction✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi