" လာ ... "
နတ္ထိရဲ့နောက်ကနေလိုက်လာရင်း ဆိုင်ရဲ့ထောင့်ဆုံးက စားပွဲမှာ ထိုင်နေသူဆီ ရောက်လာကြသည်။ ရောင်ဖြာက မောင့်ကိုပျော်အောင် လုပ်နိုင်စွမ်းရှိသူက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်သဖြင့် မော့ကြည့်လိုက်မိသည်။
ဝါဝင်းနေတဲ့အသားအရေက ရွှေရောင်ပင်သမ်းနေလျက်။ ပြုံးပြလာတိုင်း သွားစွယ်လေးက ပေါ်ထွက်လာပြီး ထိုလူသားကို ပိုလို့တောင် တစိမ့်စိမ့်ကြည့်ချင်စဖွယ်။ ညာဘက်ပါးမို့မို့လေးထက်မှာလည်း မှည့်လေးတစ်လုံးရှိနေသေးသည်။
သူတို့ကိုမြင်တော့ ပျူငှာစွာပြုံးပြလာပါ၏။ ဘုရားရေ ... သူ့မှာလည်း မျက်လုံးပြာလေးတွေပါလား ... အနက်ရောင်ကိုင်းနဲ့မျက်မှန်ကို တပ်ဆင်ထားတာမို့ မြင်မြင်ချင်း သူသတိမထားမိလိုက်တာ။
ရောင်ဖြာ အကြည့်တို့လွှဲလိုက်သည်။
" မိတ်ဆက်ပေးရအုံးမယ်။ ဒါက နေစိမ့်သူတဲ့။ မင်းရဲ့ခေးသက်ပန်ရိုက်နေတဲ့ဇာတ်ကားက သူရေးထားတဲ့ဝတ္ထုလေ။ ခုလည်း ဇာတ်ညွှန်းရေးဆရာလုပ်ပေးနေတာ "
" အာ ... မောင့်သူငယ်ချင်းလား။ ကျွန်တော့်လိုပဲ မျက်ဝန်းပြာလေးတွေရှိတယ်နော် "
" အစ်ကို့ကို ကိုနေစိမ့်လို့ခေါ်လို့ရတယ်နော်။ အစ်ကိုက သူ့ထက်အသက်ပိုကြီးတယ် "
နတ္ထိကမိတ်ဆက်ပေးလာတော့ ထိုအစ်ကိုက သူ့ကိုကြည့်ကာ ပြုံးပြလာသည်မှာ ရွှင်ရွှင်ပျပျ။
" သူကတော့ လင်းရောင်ဖြာတဲ့။ ကျွန်တော်အခုတွဲနေတဲ့တစ်ယောက် "
" အင်း။ ထူးဆန်းလိုက်တာ "
ကိုနေစိမ့်က အံ့ဩသလိုရေရွတ်လာသည်။
" ဘာကိုလဲဟင် "
" လင်းရောင်ဖြာကိုကြည့်ရတာ အေးဆေးတတ်တဲ့လူမှန်း သိသာပါတယ်။ မင်းက အကြိုက်ပြောင်းသွားတာလား "
" သူက ကျွန်တော့်စကားကို ဘယ်တုန်းကမှ မပယ်ရှားဖူးသလို ကျွန်တော့်ကိုလည်း ခြေရာလိုက်မတိုင်းတတ်ဘူး။ ဆူဆူညံညံတွေလည်းမလုပ်တတ်ဘူး။ ပြီးတော့ အဓိကအချက်က ငွေမမက်တတ်ဘူး "
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Teen Fiction✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi