ရောင်ဖြာတို့တွေ ဟော့ပေါ့စားပြီးနောက် ရှန်မင်းတို့စီနီယာရဲ့ အစ်ကိုဖြစ်သူက ကော်ဖီလိုက်တိုက်မယ်ပြောတာကြောင့် ကော်ဖီဆိုင်ကို ထွက်လာခဲ့ကြသည်။
~ Luxury House Cafe ~
ဒီ Cafe က တိတ်ဆိတ်ငြိမ်သက်ပြီး Luxury ဆန်တာကြောင့် လူကုံထံတွေကြား ရေပန်းစားလှသည်။ ရောင်ဖြာ့လိုမျိုး အေးအေးဆေးဆေးနေချင်သူတွေအတွက်လည်း သင့်လျော်လှ၏။
ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ပတ်ဝန်းကျင်ကြောင့် ရင်ထဲအေးမြသွားရသည်။ စိမ်းစိုနေတဲ့မြက်ခင်းပြင်လေးက ရောင်ဖြာသဘောကျရတဲ့အရာလေးပင်။
တိတ်ဆိတ်ပြီး လန်းဆန်းပြေပြစ်တဲ့သဘာဝတရားကို နှစ်သက်တဲ့ ရောင်ဖြာက မြက်ခင်းပြင်စိမ်းစိမ်းလေးတွေတင်သာမက ပင်လယ်ပြာကြီးကိုလည်း မြတ်နိုးလေသည်။ ချစ်ရသူလက်ကိုတွဲပြီး ပင်လယ်ပြင်ကြီးရဲ့အလှတရားနဲ့ မြက်ခင်းပြင်စိမ်းရဲ့ အေးချမ်းမှုကို အတူတူခံစားကြည့်ရှုခွင့်သာရှိမယ်ဆိုလျှင် ...
ထိုသို့တွေးမိတော့ ရောင်ဖြာ့စိတ်ထဲဝင်လာတာက နတ္ထိဆိုတဲ့ ထိုလူသားပင်။
Facebook account တွေဖလှယ်ပြီးနောက်မှာတော့ ထိုသူရဲ့အမည်နာမကို ရောင်ဖြာသိခွင့်ရခဲ့သည်။ နတ္ထိလို့အမည်ပေးထားရလောက်အောင်ထိ ဒီလူသားလေးဆီမှာ ဘာတွေများ လစ်ဟာနေခဲ့ပါသလဲ ...
ဆောင့်ကြွားကြွားနိုင်ကာ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ အစဉ်တွန့်ချိုးလျက်ရှိတဲ့ မျက်ခုံးအစုံကို ပိုင်ဆိုင်ထားသူအား မြင်မြင်ချင်းမှာပင် ရောင်ဖြာတစ်ယောက် အကြင်နာပိုမိသည်ဆိုလျှင် သူ့ကိုလှောင်ရယ်ကြပေလိမ့်မည်။
မြင်မြင်ချင်းအချစ်ကို ယုံကြည်ကိုးစားသူပီပီ လင်းရောင်ဖြာဆိုတဲ့သူသည် ဂျစ်ကန်ကန်နိုင်ကာ အရွဲ့တိုက်တတ်ပုံရသည့် နတ္ထိဆိုတဲ့လူသားအား ...
သူ့အတွေးတို့လမ်းလွဲနေပြီဆိုတာကို သတိထားမိတော့ ရောင်ဖြာ ခေါင်းရမ်းရင်း ထိုအတွေးတွေကို ခါထုတ်မိလိုက်သည်။
ဒါပေမဲ့လည်း အခါအခွင့်သာရှိမည်ဆိုပါလျှင် နတ္ထိနဲ့ ထပ်မံတွေ့ဆုံချင်မိပါသေး၏။
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Novela Juvenil✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi