အပိုင်း (၂၆)

150 12 0
                                    

ဒီရက်ပိုင်းတွေထဲ လင်းနဲ့အနေနီးလာပြီဖြစ်လို့ နတ္ထိတစ်ယောက် အရမ်းပျော်နေပါ၏။ လင်းနဲ့သူဟာ ဟိုအရင်ကအခြေအနေသို့ ပြန်လည်မရောက်ရှိသေးသော်ငြား လင်းက သူ့အပေါ်မှာ အရမ်းကြီးမစိမ်းကားနေတော့ပေ။

အရင်ကထက်ပိုပြီးတော့လည်း စကားပြောလာသေးသည်။ သူ့အပေါ် လင်း အရမ်းကြီးစိတ်မနာလောက်တော့ဘူးထင်။

Glass wall နဲ့ ဆိုဖာကြားရှိ စင်လေးပေါ်မှာ လင်းရဲ့ Handmade လေးတွေ ပြန်လည်နေရာယူလာတာက စိတ်နာနေမှုတွေ လျော့ပါးလာကြောင်း သက်သေပြနေသယောင်။

" ရှန်မင်းတို့က ကျောင်းသင်္ကြန်လာခဲ့ပါလားတဲ့။ ဒီနှစ်က Welcome ရော ကျောင်းသင်္ကြန်ရော သူတို့ပဲဦးစီးကြတာတဲ့ "

" လင်းသွားချင်ရင် မောင်လိုက်ပို့ပေးမှာပေါ့ "

" အမ်း ... "

သူလိုက်ပို့ပေးမယ့်အကြောင်းပြောလိုက်တော့ လင်းက ဖုန်းကိုထုတ်ကာ ဝတုတ်လေးဆီဖုန်းခေါ်လေသည်။ ‌အောက်မှာခင်းထားတဲ့ မွေးပွခင်းကြီးပေါ်ထိုင်နေတဲ့ ချစ်သူလေးကို ဆိုဖာပေါ်ကနေသာ မေးထောက်ကြည့်နေလိုက်သည်။

အိမ်နေရင်းပေါ့ပေါ့ပါးပါးဝတ်စုံလေးနဲ့ ချစ်ရသူက လက်ထဲမှာလည်း Pikachu အရုပ်လေးကိုပိုက်ထားလျက် ...

နတ္ထိ နေရာမှထကာ မွေးပွခင်းပေါ်က ချစ်သူလေးကို ‌ကောက်ချီလိုက်တော့ သူ့လက်ထဲစွေ့ခနဲပါလာသည်။ ထိတ်လန့်သွားပုံရတဲ့ ချစ်ရသူက သူ့ကိုမျက်လုံးအပြူးသားလေးကြည့်လာ၏။

အရုပ်လေးကိုလည်း လက်ကမချတမ်းကိုင်ထားတဲ့ ချစ်သူလေးကိုပြုံးပြလိုက်ပြီး ချီထားလျက်နဲ့ပဲ ဆိုဖာပေါ်မှာထိုင်ချလိုက်တော့ လင်းက သူ့ပေါင်ပေါ်မှာငုတ်တုပ်လေးထိုင်လျက်သား ...

📱 Hello ... ရောင်ဖြာလား📱

ဖုန်းထဲက ဝတုတ်လေးအသံကြားတော့မှ လင်းက စိတ်နဲ့လူနဲ့ကပ်လာသည်။

" အင်း ... ရှန်မင်း ကျောင်းသင်္ကြန်က ဘယ်တော့လဲ "

📱 လာမယ့်သောကြာလေ။ မင်းလာခဲ့မယ်မလား 📱

" အင်း ... လာခဲ့မယ်။ Welcome တုန်းကလည်း မလာလိုက်ရလို့ "

📱 ‌သုန်သုန်မ ... ရောင်ဖြာလည်းလာမယ်တဲ့ 📱

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now