အပိုင်း (၂၅)

93 4 0
                                    

" ဘယ်မေဂျာနဲ့ကန်မှာတဲ့လဲ "

နတ္ထိက ကားမောင်းရင်းမေးလာသည်။

" ဟင် ... မေဂျာနဲ့မဟုတ်ဘူး။ တခြားကျောင်းနဲ့ကန်မှာ။ AU နဲ့ "

" ကျောင်းပွဲစဉ်တွေက ပြီးသွားတာလား။ လင်းသွားကြည့်တာလည်း မောင်မမြင်လိုက်ရပါဘူး "

" ကျောင်းတွင်းပွဲစဉ်တွေတုန်းက ကျောင်းကဘောလုံးကွင်းမှာပဲ ကန်ကြတာလေ။ ခုက သူများကျောင်းနဲ့ကန်မှာမို့ ဒီနေရာကိုရွေးလိုက်ကြတာ။ တခြားကျောင်းထက် လူအင်အားနည်း‌နေမှာစိုးလို့ ကိုယ့်ကျောင်းကိုယ် လာအားပေးတာ "

နှစ်ယောက်သား စကားတပြောပြောနဲ့လာလိုက်ကြတာ ဘောလုံးကွင်းသို့ပင် ရောက်ရှိလာပြီဖြစ်သည်။

ရောင်ဖြာတို့ ပရိတ်သတ်နေရာကို တက်လာကြတော့ အကြည့်တွေအကုန်လုံးနီးပါးက သူတို့ရှိရာကိုရောက်လာ၏။

တကယ်တော့ နတ္ထိကိုကြည့်နေခြင်းသာ ...

အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ယောက်ျားပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားပြီး ဒေါင်လည်းကောင်းသည့် ထိုအစ်ကိုကြီးကို သူတို့နှစ်‌ကျောင်းလုံး မမြင်ဖူးတာကြောင့်ပင်။

ဝါး ... တကယ်သန့်ခန့်ချောမော ခံ့ညားပြီး ယောက်ျားပီသ အရိုင်းဆန်နေတာပါရောလား။ ဘယ်ကျောင်းကလဲဟင် ... ညီမတို့ကျောင်းမှာတော့ မမြင်ဖူးဘူးရယ် ... ပြီးတော့ ဘေးနားလေးက ရွှေရောင်အလုံးလေးက‌လည်း ချစ်စရာလေးနော်။ မြင်တာနဲ့ ပွေ့ဖက်ထားချင်စရာလေး ...

သူတို့နှစ်ဦးကိုမြင်လိုက်တဲ့ တချို့ကျောင်းသူလေးတွေကတော့ မျက်လုံးလေးတွေဘလင်းဘလင်း ...

ဟဲ့ရေ ... ဒီမှာအတွဲလေးတော်။ နှစ်ယောက်သား လိုက်ဖက်နေကြတာများ ... အထက်ပုဂ္ဂိုလ်ကြီးကလည်း သူ့ကလေးလေးကိုကြည့်နေတာ အကြင်နာတွေလျှံတက်နေတာပဲ ...

ရောင်ဖြာကတော့ အကြည့်ပေါင်းများစွာကြား သူငယ်ချင်းဖြစ်သူကိုသာ သဲသဲမဲမဲရှာနေလိုက်သည်။ ကျယ်ဝန်းလှတဲ့ကွင်းပြင်ကြီးထဲမှာ ပွဲလာကြည့်ကြသူတွေနဲ့ ပြည့်နှက်နေ၏။ ရောင်ဖြာပင်အံ့ဩသွားရသည်။ သူက ဒီလောက်ထိ လူအုပ်မထူထပ်ဘူးလို့ထင်နေတာ ...

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now