Luggage ထဲ အင်္ကျီတွေခေါက်ထည့်နေတဲ့သူ့ကို မောင်က လက်ပိုက်ကာစိုက်ကြည့်နေသည်။
" ဘာလုပ်ဖို့အများကြီးပြန်သယ်သွားမှာလဲ။ မင်း မဟုတ်လည်း နောက်တစ်ပတ်ကျပြန်လာအုံးမှာကို "
" ဗျာ ... များနေလို့လား။ ဒါဆို ကျွန်တော်ထပ်လျှော့လိုက်မယ်နော် "
မောင့်အလိုကျ Luggage ထဲထည့်ပြီးသွားတဲ့ အင်္ကျီတချို့ကို ပြန်ထုတ်ကာ ဗီရိုထဲနေရာချလိုက်သည်။
" ဒီကိုလာအုံး "
သူ ပစ္စည်းတွေထည့်လို့ ပြီးစီးသွားတော့ မောင်က လက်ကိုဆန့်တန်းကာ သူ့ကို ရင်ခွင်ဖွင့်လျက် ဆီးကြိုလာသည်။
" စောစောပြန်လိုက်ရလို့ မောင့်ကိုလွမ်းနေတော့မှာပဲ "
မောင့်ရင်ခွင်ကျယ်ကြီးဝယ် ခိုဝင်ဖက်တွယ်ပြီး မောင့်ကိုယ်သင်းနံ့ကို တဝကြီးရှူရှိုက်လျက် ပြောလိုက်သည်။ မောင်က သူ့ကိုပြန်လည်ဖက်တွယ်လာရင်း
" မင်း အခုတလော အရမ်းစကားများလာတယ်နော် "
" ကျွန်တော် အရင်ကလည်းဒီလိုပဲမဟုတ်ဘူးလား "
" မဟုတ်ဘူး။ အရင်ကနဲ့မတူတော့ဘူး။ အရင်က မထုံတတ်တေးနဲ့ စကားကိုလေးလုံးကွဲအောင်တောင် သိပ်မပြောတာ။ ခုရက်ပိုင်းထဲကျမှ သာလိကာအတိုင်းပဲ သွက်လက်လာလိုက်တာဆိုတာ "
" မောင်မကြိုက်လို့လားဟင် "
" ငါ့စကားနားထောင်နေသရွေ့ ကြိုက်ပါတယ် "
" ကျွန်တော်က မောင့်စကားကို အမြဲနားထောင်မှာပါ "
မောင့်မျက်နှာကို မော်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။ ကျေနပ်သွားတဲ့မောင်က နဖူးကိုခပ်ဖွဖွနမ်းရင်း ဆုချလာပါ၏။
~ Ring Ring ~
သူတို့နားရှိ စားပွဲပေါ်တင်ထားတဲ့ မောင့်ဖုန်းက အသံမြည်လာတာမို့ ရောင်ဖြာ့မျက်လုံးတို့က မရည်ရွယ်ပါပဲ ဖုန်းခေါ်ဆိုသူနေရာကို အကြည့်ရောက်သွားသည်။ တလင်းလက်လက်ဖြစ်နေသည့် သူ့ရဲ့မျက်ဝန်းတို့ အရောင်မှိန်ကျသွားသည်ကိုတော့ ဖုန်းဖြေဖို့ တဖက်ကိုလှည့်လိုက်တဲ့ မောင်တစ်ယောက် မမြင်မိပါလေ ...
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Teen Fiction✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi