အပိုင်း (၁၆)

117 6 0
                                    

" အာ ... မင်း အဆင်ပြေရဲ့လား "

ငိုင်တိုင်တိုင်ကြီးရပ်ကျန်နေတဲ့ သူ့ကို နေစိမ့်သူကမေးလာခြင်း။ နတ္ထိရဲ့အကြည့်တို့က ဗလာသက်သက်ဖြစ်နေကာ စောနတုန်းက ရောင်ဖြာပြောသွားတဲ့စကားတွေနဲ့ ရောင်ဖြာ့အကြည့်တို့က ခေါင်းထဲဝင်လာသည်။

တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိက မဖိတ်ခေါ်ပဲ အလုံးအရင်းနဲ့ဝင်လာတော့ တည်ငြိမ်နိုင်ခြင်း အလျင်းမရှိ‌တော့စွာ ရောင်ဖြာ့နောက်ကို ပြေးလိုက်သွားလေသည်။

လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ စင်္ကြံလမ်းကြီးက အထီးကျန်စွာ သူ့ကိုကြိုဆိုနေပါ၏။

လင်းရောင်ဖြာ ဘယ်ရောက်သွားတာလဲ ...

နတ္ထိ ဟိုဟိုဒီဒီပြေးလွှားကာ ရှာနေခဲ့ပါသော်လည်း တစ်ဖက်လူရဲ့ အရိပ်လေးသော်မျှ မြင်တွေ့ခွင့်မရခဲ့ပါချေ။ အကြောင်းအရင်းရှာမရတဲ့ စိတ်ဆန္ဒဇောကပ်နေမှုကြောင့် ထောင့်တစ်နေရာမှာ ကုပ်ကုပ်လေးထိုင်နေပါတဲ့ ပုံရိပ်လေးကို သူကျော်သွားမိခဲ့လေသည်။

ထိုပုံရိပ်လေးက နတ္ထိ ထိုနေရာကနေ ဝေးဝေးကိုရောက်သွားပြီဆိုမှ ဒယိမ်းဒယိုင်နဲ့ မတ်တပ်ရပ်လာခဲ့ပါ၏။

ပင်လယ်ပြာရောင်မျက်ဝန်းတို့သည်လည်း နွေပင်လယ်ရည်ကဲ့သို့ မျက်ရည်ပူများ ကျဆင်းနေလျက် ...

~ ထပ်မတွေ့တော့ဘူး မောင်။ မောင့်ကိုချစ်တဲ့အချစ်တွေကြောင့် ကျွန်တော် ထပ်မနာကျင်ပါရစေနဲ့တော့။ ဒီမှာတင်ပဲ ကျွန်တော်တို့အဆုံးသတ်ကြရအောင်ပါလေ ~

ပင်ပန်းနွမ်းနယ်ကာ တသိမ့်သိမ့်တုန်နေသည့် ကျောပြင်ငယ်လေးဟာ တစ်ချိန်က သူမက်မောတွယ်တာဖူးခဲ့တဲ့ ချစ်ရသူနဲ့ သူပျော်မွေ့ရာ တိုက်ခန်းငယ်လေးကို ကျောခိုင်းထွက်ခွာပြီး ချန်ရစ်ထားခဲ့ပါ၏။

တစ်လှမ်းချင်း ... တစ်လှမ်းချင်း ... တစ်စတစ်စနဲ့ ... အဝေးဆုံးဆီသို့ ...

နတ္ထိကတော့ ရောင်ဖြာ့နောက်ကိုပြေးလိုက်သွားခဲ့ပါသော်လည်း အရိပ်အယောင်သော်မျှ မမြင်ခဲ့ပေ။

တွေ့ချင်မြင်ချင်လှတဲ့ ကိုယ်လုံးငယ်လေးကို မတွေ့နိုင် မမြင်နိုင်ဖြစ်ရတဲ့အခါ မောဟိုက်ခြင်းများက ရင်ဘတ်အနက်ရှိုင်းဆုံး‌ကို အလုံးအရင်းနဲ့ဝင်ဆောင့်သည်။ တရွေ့ရွေ့နဲ့ လျှောက်လာရင်း လှိုက်တက်လာတဲ့နာကျင်မှုကြောင့် ဘယ်ဘက်ရင်အုံကို ဖိထားရ၏။ မျက်ရည်တို့နဲ့ပြည့်နှက်နေတဲ့ မျက်ဝန်းပြာတစ်စုံဟာ သူ့အမြင်အာရုံထဲမှာ ထပ်မံပေါ်ပေါက်လာခဲ့သည်။ လစ်ဟာမှုတစ်စုံတစ်ရာကို ခံစားလိုက်ရပေမဲ့ ဘယ်အရာလဲဆိုတာ သူ တိတိပပမပြောနိုင်ခဲ့ပေ။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now